Tagged Zwekapin Utd

သုဝဏ္ဏကွင်း၏ မြက်ခင်းပြင် အသားကျရန် လိုအပ်သည့် အတွက် MPT MNL 2020 ပွဲစဉ် ၂ နှင့် ၃ မှ ပွဲအချို့ကို ရွှေ့ပြောင်း ကျင်းပမည်

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များနှင့် မြန်မာ့လက်ရွေးစင် အသင်း၏ ပွဲစဉ်များကို လက်ခံကျင်းပလျှက် ရှိသည့် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကြီး၏ မြက်ခင်းပြင်အား ပြီးခဲ့သည့် ၂၀၁၉ နိုဝင်ဘာလ ဒုတိယပတ် ကတည်းက အသစ်ခင်း ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ ပြီးစီးနေပြီ ဖြစ်သော်လည်း မြက်ခင်းပြင် ပိုမိုအသားကျ စေရန် အတွက် အချိန်ပေးရန် လိုအပ်သောကြောင့် အဆိုပါ ကွင်းတွင် ကျင်းပရန် စီစဉ်ထားသည့် MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပွဲစဉ်များ အနက်မှ ပွဲစဉ် ၂ မှ ပွဲ ၂ ပွဲနှင့် ပွဲစဉ် ၃ မှ ပွဲ ၁ ပွဲတို့ကို ပြောင်းရွှေ့ကျင်းပသွားမည် ဖြစ်သည်။

Read more

ဝင်းနိုင်စိုး၊ မျိုးကိုထွန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အဖွင့်ပွဲမှာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တဲ့ ရတနာပုံ

ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဇွဲကပင်ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ်မှာ ရတနာပုံ အသင်းက ဇွဲကပင် ယူနိုက်တက် အသင်းကို ပွဲချိန် ၂၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဝင်းနိုင်စိုးရဲ့ ပင်နယ်တီဂိုး၊ ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ မျိုးကိုထွန်းရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရရှိပြီး အဖွင့်ပွဲစဉ်မှာ အနိုင် (၃)မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

Read more