အခြေခံပညာ ကျောင်းသူ/သားများ ဘောလုံးကစားခွင့် ပိုမိုရရှိရေးနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် MFF တို့ တွေ့ဆုံ ဆွေးနွေး
မြန်မာ့ဘောလုံး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရင်းအမြစ်ဖြစ်သည့် အခြေခံပညာ ကျောင်းများရှိ ကျောင်းသူ/ကျောင်းသားများ ဘောလုံး အားကစားကို ပိုမိုကစားခွင့် ရရှိရေးနှင့် FIFA Football for School Program စနစ်တကျ စတင်အကောင်အထည် ဖော်ရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေး တစ်ရပ် ကို ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ညနေ ၃ နာရီတွင် Novotel Max Yangon၌ ကျင်းပပြုလုပ်ခဲ့သည်။