Tagged Yangon Utd

အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့ရသည့် မြန်မာဒါဘီ

မြန်မာနေရှင်နယ်လိဂ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်းတွေ ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ မြန်မာဒါဘီ ပွဲစဉ်ကတော့ ပွဲချိန်တစ်လျှောက် အပြင်းအထန် အားထုတ်မှုတွေနဲ့ အတူ သရေရလဒ်နဲ့သာ အဆုံးသတ်သွား ခဲ့ရပါတယ်။ ရန်ကုန်ယူနိုက်တက် အနေနဲ့ ပွဲချိန် ပထမပိုင်း ၃၉ မိနစ်မှာ အီမန်နျူရယ်ရဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၆ မိနစ်နဲ့ ၇၄ မိနစ်တွေမှာ ရတနာပုံ အသင်းက ဇော်ရဲထွန်း၊ မျိုးကိုထွန်းတို့ရဲ့ သွင်းဂိုးတွေကို နှစ်ဂိုးဆက် ခွင့်ပြုခဲ့ရပြီး ပွဲချိန် ၇၇ မိနစ်မှာ ရရှိတဲ့ အီမန်နျူရယ်ရဲ့ ပင်နယ်တီကြောင့် ရတနာပုံဆီက အမှတ်ပြန်လည် ခွဲယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Read more

ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားသွားမည်ဟု ရတနာပုံအသင်း နည်းပြချုပ် ပြောကြား

လာမည့် ဇန်နဝါရီ ၂၆ ရက် ညနေ ၃း၃၀ အချိန်တွင် ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၃ အဖြစ် အစဉ်အလာပြိုင်ဘက် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သော်လည်း ရတနာပုံအသင်း အနေဖြင့် ရန်ကုန်နှင့် ပွဲစဉ် တစ်ပွဲတည်းကိုသာ အထူးတလည် အားထုတ် ယှဉ်ပြိုင်မည် မဟုတ်ဘဲ ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားအားထုတ်သွားမည်သာ ဖြစ်ကြောင်း ရတနာပုံအသင်း နည်းပြချုပ် ဦးအောင်ကျော်မိုးက ဖွင့်ဟပြောကြားခဲ့သည်။

Read more

အနိုင်ရလဒ် ရယူနိုင်ရန် အတွက် ယုံကြည်မှု အပြည့်ရှိကြောင်း ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ပြောကြား

လာမည့် တနင်္ဂနွေနေ့ ညနေပိုင်း၌ ယှဉ်ပြိုင်ကစားရမည့် ရတနာပုံ အသင်းနှင့် မြန်မာဒါဘီပွဲတွင် အနိုင်ရလဒ် ရယူနိုင်ရေးအတွက် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။

Read more

သုဝဏ္ဏကွင်း၏ မြက်ခင်းပြင် အသားကျရန် လိုအပ်သည့် အတွက် MPT MNL 2020 ပွဲစဉ် ၂ နှင့် ၃ မှ ပွဲအချို့ကို ရွှေ့ပြောင်း ကျင်းပမည်

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များနှင့် မြန်မာ့လက်ရွေးစင် အသင်း၏ ပွဲစဉ်များကို လက်ခံကျင်းပလျှက် ရှိသည့် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကြီး၏ မြက်ခင်းပြင်အား ပြီးခဲ့သည့် ၂၀၁၉ နိုဝင်ဘာလ ဒုတိယပတ် ကတည်းက အသစ်ခင်း ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ ပြီးစီးနေပြီ ဖြစ်သော်လည်း မြက်ခင်းပြင် ပိုမိုအသားကျ စေရန် အတွက် အချိန်ပေးရန် လိုအပ်သောကြောင့် အဆိုပါ ကွင်းတွင် ကျင်းပရန် စီစဉ်ထားသည့် MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပွဲစဉ်များ အနက်မှ ပွဲစဉ် ၂ မှ ပွဲ ၂ ပွဲနှင့် ပွဲစဉ် ၃ မှ ပွဲ ၁ ပွဲတို့ကို ပြောင်းရွှေ့ကျင်းပသွားမည် ဖြစ်သည်။

Read more

ရာသီကြို လူမှုရေး ရန်ပုံငွေဖလားပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရရှိ

ရာသီသစ်အကြို MFF Charity Cup 2020 လူမှုရေး ရန်ပုံငွေဖလား (ကွင်းဖွင့်ဖလား) ဗိုလ်လုပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းက Y.U.S.C ကွင်း၌ ကျင်းပခဲ့သည့် ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ယူကာ နှစ်သစ်ကို အောင်ပွဲဖြင့် စတင်နိုင်ခဲ့သည်။

Read more

MFF Charity Cup ရာသီကြို ကွင်းဖွင့်ဖလားပြိင်ပွဲအား YUSC ကွင်း၌ ဇန်နဝါရီ ၅ ရက်တွင် ကျင်းပသွားမည်

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲအကြို
MFF Charity Cup 2020 (ရန်ပုံငွေဖလားပွဲစဉ်)ကို ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်မြို့၊ YUSC ကွင်း၌ ကျင်းပပြုလုပ်သွားရန် ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။

Read more