Tagged MNL 1

အနိုင်ရလဒ် ရယူနိုင်ရန် အတွက် ယုံကြည်မှု အပြည့်ရှိကြောင်း ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ပြောကြား

လာမည့် တနင်္ဂနွေနေ့ ညနေပိုင်း၌ ယှဉ်ပြိုင်ကစားရမည့် ရတနာပုံ အသင်းနှင့် မြန်မာဒါဘီပွဲတွင် အနိုင်ရလဒ် ရယူနိုင်ရေးအတွက် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။

Read more

မကွေးအသင်းကို အနိုင်ကစားကာ နိုင်ပွဲ စတင်ရယူနိုင်ခဲ့သည့် ချင်းယူနိုက်တက်

ယနေ့ ညနေပိုင်းက YUSC ကွင်း၌ ကျင်းပခဲ့သည့် ချင်းယူနိုက်တက် အသင်းနှင့် မကွေး အသင်းတို့၏ MPT Myanmar National League 2020 ပွဲစဉ် ၂ ပွဲစဉ်တွင် ချင်းယူနိုက်တက် အသင်းက မကွေးအသင်းကို (၂−၀) ဂိုးဖြင့် အနိုင်ကစားကာ ယခုဘောလုံးရာသီအတွက် နိုင်ပွဲ စတင် ရယူနိုင်ခဲ့သည်။

Read more

သုဝဏ္ဏကွင်း၏ မြက်ခင်းပြင် အသားကျရန် လိုအပ်သည့် အတွက် MPT MNL 2020 ပွဲစဉ် ၂ နှင့် ၃ မှ ပွဲအချို့ကို ရွှေ့ပြောင်း ကျင်းပမည်

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များနှင့် မြန်မာ့လက်ရွေးစင် အသင်း၏ ပွဲစဉ်များကို လက်ခံကျင်းပလျှက် ရှိသည့် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကြီး၏ မြက်ခင်းပြင်အား ပြီးခဲ့သည့် ၂၀၁၉ နိုဝင်ဘာလ ဒုတိယပတ် ကတည်းက အသစ်ခင်း ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ ပြီးစီးနေပြီ ဖြစ်သော်လည်း မြက်ခင်းပြင် ပိုမိုအသားကျ စေရန် အတွက် အချိန်ပေးရန် လိုအပ်သောကြောင့် အဆိုပါ ကွင်းတွင် ကျင်းပရန် စီစဉ်ထားသည့် MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပွဲစဉ်များ အနက်မှ ပွဲစဉ် ၂ မှ ပွဲ ၂ ပွဲနှင့် ပွဲစဉ် ၃ မှ ပွဲ ၁ ပွဲတို့ကို ပြောင်းရွှေ့ကျင်းပသွားမည် ဖြစ်သည်။

Read more

ဝင်းနိုင်စိုး၊ မျိုးကိုထွန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အဖွင့်ပွဲမှာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တဲ့ ရတနာပုံ

ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဇွဲကပင်ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ်မှာ ရတနာပုံ အသင်းက ဇွဲကပင် ယူနိုက်တက် အသင်းကို ပွဲချိန် ၂၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဝင်းနိုင်စိုးရဲ့ ပင်နယ်တီဂိုး၊ ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ မျိုးကိုထွန်းရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရရှိပြီး အဖွင့်ပွဲစဉ်မှာ အနိုင် (၃)မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

Read more

၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းသာ လိုပါတော့တယ်..

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကြီး စတင်ဖို့ ရက်ပိုင်းမျှသာ လိုပါတော့တယ်။ တစ်နိုင်ငံလုံးက မြန်မာနေရှင်နယ်လိဂ်ပရိသတ်တွေနဲ့ သည်းသည်လှုပ် အားပေးကြတဲ့ သက်ဆိုင်ရာ ဒေသခံပရိသတ်တွေအတွက် ကိုယ့်မြေ၊ ကိုယ့်ဒေသမှာ ကိုအားပေးတဲ့အသင်းရဲ့ ပွဲစဉ်တွေ မြင်တွေ့ခွင့်ရမယ့် အချိန်ကာလတစ်ခု မကြာခင် ရောက်ရှိလာတော့မယ်ဆိုတဲ့ သဘောတစ်ခုပါပဲ…။ တစ်နည်းအားဖြင့် မန္တလာမြေက ပရိသတ်တွေအတွက်လည်း ဗထူးကွင်းကြီးမှာ ပြန်လည်ဆုံစည်းခွင့် ရမယ့်နေ့ရက်တွေဟာ နီးသထက် နီး၍ လာခဲ့ပါပြီ….။ 4 Days to MPT MNL 2020

Read more

အိမ်ဖြည့်အသင်းသက်သက် မဟုတ်ကြောင်းကို အလုပ်ဖြင့် သက်သေပြသွားမည်ဟု ISPE FC အသင်းနည်းပြပြော

၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ၂ အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယနေရာရရှိခဲ့သည့် ISPE FC အသင်းအနေဖြင့် ယခုနှစ် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် အသင်းဖြစ်သည်။

Read more

ThaiBev ဘောလုံးအကယ်ဒမီသို့ ဟံသာ၀တီယူနိုက်တက်အသင်း ပိုင်ရှင်နှင့် တာ၀န်ရှိသူများ သွားရောက်လေ့လာ

ThaiBev ဘောလုံးအကယ်ဒမီ၏ ဖိတ်ကြားမှုအရ ဟံသာ၀တီ ယူနိုက်တက်အသင်းသည် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပြီး
လူငယ်ဘောလုံးအကယ်ဒမီလေ့လာမှုခရီးတွင် အသင်းပိုင်ရှင် ဦးအောင်မိုးကျော်၊ အသင်းမန်နေဂျာဦးထွန်းထွန်းလင်း၊ အသင်း နည်းစနစ်ဒါရိုက်တာ ဦးငွေထွန်းနှင့် အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း တို့ လိုက်ပါခဲ့ကြသည်။

Read more

ရာသီကြို လူမှုရေး ရန်ပုံငွေဖလားပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရရှိ

ရာသီသစ်အကြို MFF Charity Cup 2020 လူမှုရေး ရန်ပုံငွေဖလား (ကွင်းဖွင့်ဖလား) ဗိုလ်လုပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းက Y.U.S.C ကွင်း၌ ကျင်းပခဲ့သည့် ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ယူကာ နှစ်သစ်ကို အောင်ပွဲဖြင့် စတင်နိုင်ခဲ့သည်။

Read more

MFF Charity Cup ရာသီကြို ကွင်းဖွင့်ဖလားပြိင်ပွဲအား YUSC ကွင်း၌ ဇန်နဝါရီ ၅ ရက်တွင် ကျင်းပသွားမည်

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲအကြို
MFF Charity Cup 2020 (ရန်ပုံငွေဖလားပွဲစဉ်)ကို ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်မြို့၊ YUSC ကွင်း၌ ကျင်းပပြုလုပ်သွားရန် ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။

Read more