Tagged MNL 1

ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲတွင် ရခိုင်ယူနိုက်တက် အသင်း နောက်ခံလူ သက်ထွန်းအောင် ပါဝင်နိုင်မည် မဟုတ်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) တစ်ပွဲအဖြစ် ရခိုင်ယူနိုက်တက်အသင်း သည် လာမည့် မတ် ၂၅ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်းနောက်ခံလူ သက်ထွန်းအောင်အနေဖြင့် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။ နောက်ခံလူ သက်ထွန်းအောင်သည် ရခိုင်ယူနိုက်တက်အသင်းအတွက် အားထားရသည့် လူငယ် ကစားသမားတစ်ဦးဖြစ်ပြီး ရခိုင်ယူနိုက်တက် အသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ကိုးပွဲစလုံးတွင် ပွဲထွက် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမားတစ်ဦး လည်းဖြစ်သည်။ သက်ထွန်းအောင် အနေဖြင့် အဝါကတ် သုံးကတ်ပြည့်ခဲ့သည့်အတွက် ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲအား လွဲချော်ရခြင်းဖြစ်သည်။ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် လာမည့် မတ် ၂၅ ရက် ညနေ လေးနာရီ၊ YUSC ကွင်းတွင် ကစားမည်ဖြစ်ပြီး …

Read more

မကွေးအသင်းနှင့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ကွန်ဂို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် မတ် ၂၄ ရက်တွင် မကွေးအသင်းနှင့် ကစားရမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူ ကွန်ဂို သည် ပွဲပယ်ပြစ်ဒဏ်ကြောင့် အဆိုပါပွဲအား လွဲချော်မည်ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူ အားနက်စ်အဘူဘာကာကွန်ဂိုသည် ရန်ကုန်ယူနိုက်တက် အသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ကိုးပွဲစလုံးတွင် ပွဲထွက် ကစားသမားအဖြစ် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမား တစ်ဦးဖြစ်ပြီး ကိုးပွဲကစားအပြီးတွင် တစ်ဂိုးသွင်းယူပေးထားသည်။ ကွန်ဂိုသည် အဝါကတ် သုံးကတ် ပြည့်ခဲ့သည့်အတွက် မကွေးအသင်းနှင့် ကစားရမည့်ပွဲစဉ်အား လွဲချော်ရခြင်း ဖြစ်သည်။ မကွေးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သည် လာမည့် မတ် ၂၄ ရက်၊ ညနေ လေးနာရီ၊ …

Read more

ရတနာပုံအသင်း နောက်ခံလူနှစ်ဦး ချင်းယူနိုက်တက် အသင်းနှင့်ပွဲ လွဲချော်မည်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-9) ပွဲစဉ်တစ်ပွဲအဖြစ် ရတနာပုံအသင်းသည် လာမည့် မတ် ၇ ရက်တွင်၊ မန္တလာသီရိကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်း နောက်ခံလူ နှစ်ဦးဖြစ်သည့် နေမျိုးအောင်နှင့် အောင်ဝဏ္ဏစိုးတို့ ပွဲပြယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။ နောက်ခံလူ နေမျိုးအောင်သည် ရတနာပုံအသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ရှစ်ပွဲတွင် ခုနစ်ပွဲ ပွဲထွက် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမားတစ်ဦးဖြစ်သည်။ နေမျိုးအောင်သည် လက်ရှိတွင် အဝါကတ် သုံးကတ် ပြည့်ခဲ့သည့်အတွက် သုံးဝါ တစ်ပွဲ ပြယ်ခံရခြင်းဖြစ်သည်။ အလားတူ နောက်ခံလူ အောင်ဝဏ္ဏစိုးသည် ရတနာပုံအသင်းကစားပြီးခဲ့သည့် ပွဲစဉ် ရှစ်ပွဲတွင် ရှစ်ပွဲ စလုံး ပွဲထွက် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမား …

Read more

နောက်ကျသွင်းဂိုးများနှင့်အတူ ချင်းယူနိုက်တက်ကို ဂိုးပြတ် အနိုင်ကစားခဲ့သည့် လက်ရှိချန်ပီယံ

MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းဟာ အမှတ်ပေးဇယား အောက်ခြေက ချင်းယူနိုက်တက် အသင်းကို နန္ဒကျော်၊ ဇင်မင်းထွန်းတို့ရဲ့ နောက်ကျအနိုင်ဂိုးတွေနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

Read more

မကွေးအသင်းကို အနိုင်ယူပြီး ၂၀၂၀ ဘောလုံးရာသီအတွက် အိမ်ကွင်းပထမဆုံးနိုင်ပွဲ ရယူခဲ့သည့် စစ်ကိုင်းယူနိုက်တက်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-8) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၉ ရက်( ယနေ့)ညနေ သုံးနာရီခွဲက မုံရွာကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ စစ်ကိုင်းယူ နိုက်တက်အသင်းမှ ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် အသင်းခေါင်းဆောင် တိုးဆက်နိုင်မှ ခေါင်းတိုက်သွင်း ပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် အိမ်ရှင်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်း ၄၉ မိနစ်၊ ၇၆ မိနစ်နှင့် ၈၃ မိနစ်များတွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ ဒုတိယဂိုး၊ တတိယဂိုးနှင့် စတုထ္ထဂိုး တို့ ရခဲ့ပြီး ကောင်းထက်ကျော်၊ ပက်ထရစ်၊အောင်ကိုကိုဝင်းတို့မှ အသီးသီးသွင်းယူပေးခဲ့သည်။ ပွဲအပြီးတွင် အိမ်ရှင်အသင်းမှ ၄-၀ …

Read more

နောက်ကျဂိုးဖြင့် ဇွဲကပင်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ လေးနာရီက သုဝဏ္ဏကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်းအသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဇွဲကပင်အသင်း၏ မာမာထန်ထန် တုံ့ပြန်မှုများကြောင့် ဂိုးမရခဲ့ပေ။ ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၈၉ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် မက်ဆီမင်က ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်အသင်းအနေဖြင့် ချေပဂိုး ပြန်လည်မသွင်းယူနိုင်ခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

Read more

အိမ်ကွင်းတွင် ရတနာပုံအသင်းကို အနိုင်ယူကာ အမှတ်ပေးဇယား အဆင့် ၁ တွင် ဆက်လက်ဦးဆောင်ခဲ့သည့် ဟံသာဝတီယူနိုက်တက်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ သုံးနာရီခွဲက Grand Royal ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ကစားခဲ့ရာ အိမ်ရှင်အသင်းမှ ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ နှစ်သင်းစလုံးမှ ပွဲစတင်သည်နှင့်တစ်ပြိုင်နက် လျင်လျင်မြန်မြန် ကစားခဲ့ကြပြီး ပွဲချိန် ၁၅ မိနစ်တွင် ရတနာပုံအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုးကို လှိုင်းဘိုဘိုက သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုတွင် ဟံသာဝတီအသင်းမှ ချေပဂိုး ပြန်လည်ရခဲ့ပြီး တိုက်စစ်မှူး ဒိုနယ်ဘစ်ဆာက သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေကျခဲ့သည်။ ဒုတိယပိုင်း ၅၇ မိနစ်တွင် ဟံသာဝတီအသင်းမှ ဒုတိယ ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဒိုနယ်ဘစ်ဆာမှ ထပ်မံသွင်းယူပေး …

Read more

အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့ရသည့် မြန်မာဒါဘီ

မြန်မာနေရှင်နယ်လိဂ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်းတွေ ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ မြန်မာဒါဘီ ပွဲစဉ်ကတော့ ပွဲချိန်တစ်လျှောက် အပြင်းအထန် အားထုတ်မှုတွေနဲ့ အတူ သရေရလဒ်နဲ့သာ အဆုံးသတ်သွား ခဲ့ရပါတယ်။ ရန်ကုန်ယူနိုက်တက် အနေနဲ့ ပွဲချိန် ပထမပိုင်း ၃၉ မိနစ်မှာ အီမန်နျူရယ်ရဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၆ မိနစ်နဲ့ ၇၄ မိနစ်တွေမှာ ရတနာပုံ အသင်းက ဇော်ရဲထွန်း၊ မျိုးကိုထွန်းတို့ရဲ့ သွင်းဂိုးတွေကို နှစ်ဂိုးဆက် ခွင့်ပြုခဲ့ရပြီး ပွဲချိန် ၇၇ မိနစ်မှာ ရရှိတဲ့ အီမန်နျူရယ်ရဲ့ ပင်နယ်တီကြောင့် ရတနာပုံဆီက အမှတ်ပြန်လည် ခွဲယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Read more

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် သတင်းအချက်အလက်များကို ပရိသတ်ထံ လျင်မြန်စွာ စီးဆင်းရောက်ရှိနိုင်ရေး အစွမ်းကုန် ဆောင်ရွက်လျှက်ရှိ

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲကြီး အပါအဝင် မြန်မာနေရှင်နယ်လိဂ်−၂၊ ယူ−၂၁၊ ယူ−၁၉ လိဂ်ပြိုင်ပွဲများကို ပရိသတ်များ ပိုမို စိတ်ဝင်စားအားပေးလာစေရန်၊ မြန်မာ့ ဘောလုံးလောက ပိုမိုတိုးတက်ရေးကို ပိုမိုအထောက်အကူပြုနိူင်စေရန်၊ မြန်မာ့လက်ရွေးစင် အသင်းများ အတွက် ကစားသမား ရွေးချယ်ရာတွင် ပိုမိုအထောက်အပံ့ ဖြစ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းမှ စတင်ကာ Genius Sports ၊ Star Phone စသည့် အဖွဲ့အစည်းများဖြင့် လက်တွဲပြီး Database တည်ဆောက်ကာ ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ကစားသမားများ၏ တစ်ပွဲချင်း စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်များကို ပရိသတ်များ၏ လက်အတွင်းသို့ လျှင်မြန်စွာ ပေးပို့နိုင်ရေး အတွက် ဆောင်ရွက်လျှက် ရှိပါသည်။

Read more

ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားသွားမည်ဟု ရတနာပုံအသင်း နည်းပြချုပ် ပြောကြား

လာမည့် ဇန်နဝါရီ ၂၆ ရက် ညနေ ၃း၃၀ အချိန်တွင် ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၃ အဖြစ် အစဉ်အလာပြိုင်ဘက် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သော်လည်း ရတနာပုံအသင်း အနေဖြင့် ရန်ကုန်နှင့် ပွဲစဉ် တစ်ပွဲတည်းကိုသာ အထူးတလည် အားထုတ် ယှဉ်ပြိုင်မည် မဟုတ်ဘဲ ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားအားထုတ်သွားမည်သာ ဖြစ်ကြောင်း ရတနာပုံအသင်း နည်းပြချုပ် ဦးအောင်ကျော်မိုးက ဖွင့်ဟပြောကြားခဲ့သည်။

Read more