မြန်မာနေရှင်နယ်လိဂ် အနေဖြင့် သတင်းအချက်အလက်များကို ပရိသတ်ထံ လျင်မြန်စွာ စီးဆင်းရောက်ရှိနိုင်ရေး အစွမ်းကုန် ဆောင်ရွက်လျှက်ရှိ
မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲကြီး အပါအဝင် မြန်မာနေရှင်နယ်လိဂ်−၂၊ ယူ−၂၁၊ ယူ−၁၉ လိဂ်ပြိုင်ပွဲများကို ပရိသတ်များ ပိုမို စိတ်ဝင်စားအားပေးလာစေရန်၊ မြန်မာ့ ဘောလုံးလောက ပိုမိုတိုးတက်ရေးကို ပိုမိုအထောက်အကူပြုနိူင်စေရန်၊ မြန်မာ့လက်ရွေးစင် အသင်းများ အတွက် ကစားသမား ရွေးချယ်ရာတွင် ပိုမိုအထောက်အပံ့ ဖြစ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းမှ စတင်ကာ Genius Sports ၊ Star Phone စသည့် အဖွဲ့အစည်းများဖြင့် လက်တွဲပြီး Database တည်ဆောက်ကာ ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ကစားသမားများ၏ တစ်ပွဲချင်း စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်များကို ပရိသတ်များ၏ လက်အတွင်းသို့ လျှင်မြန်စွာ ပေးပို့နိုင်ရေး အတွက် ဆောင်ရွက်လျှက် ရှိပါသည်။