MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်များပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေ သုံးနာရီခွဲ၊ ပဒုမ္မာကွင်းမှာ မြဝတီအက်ဖ်စီ အသင်းနဲ့ ချင်းလန်းအက်ဖ်စီအသင်း၊ စလင်းကွင်းမှာ မောရဝတီအသင်း နဲ့ Junior Lions အသင်းတို့ ကစားမှာ ဖြစ်ပါတယ်။
မြဝတီအသင်းနဲ့ ချင်းလန်းအသင်းတို့ဟာ အမှတ်ပေးဇယား အဆင့် ၁ နေရာအတွက် အကြိတ်အနယ်ကစားကြမှာ ဖြစ်သလို Junior Lions အသင်းအနေနဲ့လဲ အမှတ်ပေးဇယားထိပ်က အသင်းနှစ်သင်း ပွဲကြပ် တွေ့ဆုံနေတုန်း အမှတ်ပေးဇယား ဦးဆောင်ခွင့်ရမယ့် အနေအထား ရှိနေပါတယ်။ အလားတူပဲ မောရဝတီအသင်းကလဲ Junior Lions အသင်းကို နိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ပိုင်းကို ထပ်မံ တက်ရောက်နို်ငမယ့် အခွင့်အရေး ရှိနေပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ သုံးနာရီခွဲ၊ စလင်းကွင်းမှာ ကချင်ယူနိုက် တက်အသင်းနဲ့ ယောမြေအက်ဖ်စီအသင်း၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ပဒုမ္မာ ကွင်းမှာ ငွေကြယ်ပွင့်လေးများအသင်းနဲ့ တက္ကသိုလ်လက်ရွေးစင် အသင်းတို့ ကစားမှာ ဖြစ်ပါတယ်။
#MPTMyanmarNationalLaegueII2020#Week3#MyawadyvsChinland#MawyawadivsJuniorLions#KachinUtdvsYawMyay#SilverStarsvsUniverstiy#PadonmarStadium#SalinStadium
