MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယား ထုတ်ပြန်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူး၍ ဇန်နဝါရီ ၂၃ ရက်မှ ဇူလိုင်လ ၁၇ ရက်အထိ ကျင်းပပြုလုပ်မည့် MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်ဇယားကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဌာနမှ ထုတ်ပြန်လိုက်ပြီဖြစ်သည်။

MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ချင်းလန်းအက်ဖ်စီ၊ မြဝတီအက်ဖ်စီ၊ ကချင်ယူနိုက်တက်၊ ယူနီဗာစတီအက်ဖ်စီ၊ မောရဝတီအက်ဖ်စီ၊ ငွေကြယ်ပွင့်လေးများ၊ အသင်းသစ် ယောမြေအက်ဖ်စီနှင့် MFF Youth အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ၏ ပထမအကျော့ကာလကို ဇန်နဝါရီ ၂၃ ရက်မှ မတ်လ ၁၅ ရက်အထိလည်းကောင်း၊ ဒုတိယအကျော့ကာလကို မေလ ၂၁ ရက်မှ ဇူလိူင်လ ၁၇ ရက်အထိလည်းကောင်း စလင်းကွင်း၊ ပဒုမ္မာကွင်း၊ ယူနီဗာစတီကွင်း၊ M3 ဗဟန်းကွင်းနှင့် တောင်ဒဂုံကွင်းတို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။