From General Aung San Shield

ဒါဘီပြိုင်ဘက်ကို နောက်ကောက်ချပြီး ရှုံးထွက်ပထမအဆင့်တက်တဲ့ ရွှေပြည်သာအသင်း

ရွှေပြည်သာဒါဘီအချင်းချင်း ရင်ဆိုင်တွေ့ခဲ့တဲ့ General Aung San Shield 2020 Play-Off အဆင့်ပွဲစဉ်မှာ ရွှေပြည်သာအက်ဖ်စီအသင်းက မြို့ခံပြိုင်ဘက် ဇီးကုန်းအက်ဖ်စီအသင်းကို နောက်ကောက်ချပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ စလင်းကွင်းမှာ ကျင်းပခဲ့တဲ့ပွဲစဉ်မှာ ရွှေပြည်သာအသင်းက ဇီးကုန်းအက်ဖ်စီအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ပွဲမှာ ရွှေပြည်သာအသင်းအတွက် ဂိုးတွေကို ၁၁၊ ၃၆ မိနစ်တွေမှာ ဉာဏ်လင်းထက်က နှစ်ဂိုးနဲ့ ၇၄ မိနစ်မှာ စောကာဗလအေးလှက တစ်ဂိုး ရယူပေးခဲ့တာဖြစ်ပြီး ဇီးကုန်းအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ခိုင်စိုးဦးက ၂၁ မိနစ်မှာ အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရွှေပြည်သာအသင်းအနေနဲ့ ရှုံးထွက်ပထမအဆင့်မှာ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ငွေကြယ်ပွင့်လေးများအသင်းနဲ့ ယခု စလင်းကွင်းမှာပဲ …

Read more

၂၀၂၀ ရှုံးထွက်ပြိုင်ပွဲတွင် အပျော်တမ်းအသင်းများ ပါဝင်နိုင်ရေး မြန်မာနေရှင်နယ်လိဂ်နှင့် အပျော်တမ်းလိဂ် တာဝန်ခံများတွေ့ဆုံ

ယခုနှစ်ဘောလုံးရာသီမှ စတင်၍ အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် အသင်းများအား ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုသွားမည် ဖြစ်ပါသည်။ ယင်းသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အသင်းများ မှတ်ပုံတင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သုဝဏ္ဏကွင်း၊ ပထမထပ်ရှိ မြန်မာနေရှင်နယ်လိဂ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနေရှင်နယ်လိဂ် Security & Operations Director ဦးအောင်သူမြင့်နှင့် တာဝန်ရှိသူများ၊ အပျော်တမ်းလိဂ်အသင်းပြိုင်ပွဲများမှ ပြိုင်ပွဲကျင်းပရေးတာဝန်ခံများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင် ” ယခုနှစ် ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင် ဆုရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ပထမအဆင့်ကနေ စတင်ပြီး အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် အသင်းတွေကို …

Read more