From Competitions

ဒါဘီပြိုင်ဘက်ကို နောက်ကောက်ချပြီး ရှုံးထွက်ပထမအဆင့်တက်တဲ့ ရွှေပြည်သာအသင်း

ရွှေပြည်သာဒါဘီအချင်းချင်း ရင်ဆိုင်တွေ့ခဲ့တဲ့ General Aung San Shield 2020 Play-Off အဆင့်ပွဲစဉ်မှာ ရွှေပြည်သာအက်ဖ်စီအသင်းက မြို့ခံပြိုင်ဘက် ဇီးကုန်းအက်ဖ်စီအသင်းကို နောက်ကောက်ချပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ စလင်းကွင်းမှာ ကျင်းပခဲ့တဲ့ပွဲစဉ်မှာ ရွှေပြည်သာအသင်းက ဇီးကုန်းအက်ဖ်စီအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ပွဲမှာ ရွှေပြည်သာအသင်းအတွက် ဂိုးတွေကို ၁၁၊ ၃၆ မိနစ်တွေမှာ ဉာဏ်လင်းထက်က နှစ်ဂိုးနဲ့ ၇၄ မိနစ်မှာ စောကာဗလအေးလှက တစ်ဂိုး ရယူပေးခဲ့တာဖြစ်ပြီး ဇီးကုန်းအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ခိုင်စိုးဦးက ၂၁ မိနစ်မှာ အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရွှေပြည်သာအသင်းအနေနဲ့ ရှုံးထွက်ပထမအဆင့်မှာ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ငွေကြယ်ပွင့်လေးများအသင်းနဲ့ ယခု စလင်းကွင်းမှာပဲ …

Read more

တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်း

MPT Myanmar National League Youth (U-21)2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-9) ပွဲစဉ် တစ်ပွဲအဖြစ် မတ်လ ၁၃ ရက် (ယနေ့) ညနေ ၄:ဝဝ အချိန်က တောင်ဒဂုံကွင်းတွင် ရခိုင်ယူနိုက်တက် နှင့် ဆောက်တမ်းမြန်မာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် တစ်ဂိုးစီ ဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။ ဆောက်သမ်းမြန်မာအသင်းအတွက် ဂိုးကို ပွဲချိန် ၃ မိနစ်တွင် မင်းခန့်သိန်းက သွင်းယူပေးခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် သန်းကျော်ဌေးမှ သွင်းယူပေးခဲ့သည်။ MPT Myanmar National League Youth (U-21)2020 …………………………………………… Rakhine United FC 1 – 1 …

Read more

၂၀၂၀ ရှုံးထွက်ပြိုင်ပွဲတွင် အပျော်တမ်းအသင်းများ ပါဝင်နိုင်ရေး မြန်မာနေရှင်နယ်လိဂ်နှင့် အပျော်တမ်းလိဂ် တာဝန်ခံများတွေ့ဆုံ

ယခုနှစ်ဘောလုံးရာသီမှ စတင်၍ အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် အသင်းများအား ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုသွားမည် ဖြစ်ပါသည်။ ယင်းသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အသင်းများ မှတ်ပုံတင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သုဝဏ္ဏကွင်း၊ ပထမထပ်ရှိ မြန်မာနေရှင်နယ်လိဂ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနေရှင်နယ်လိဂ် Security & Operations Director ဦးအောင်သူမြင့်နှင့် တာဝန်ရှိသူများ၊ အပျော်တမ်းလိဂ်အသင်းပြိုင်ပွဲများမှ ပြိုင်ပွဲကျင်းပရေးတာဝန်ခံများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင် ” ယခုနှစ် ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင် ဆုရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ပထမအဆင့်ကနေ စတင်ပြီး အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် အသင်းတွေကို …

Read more

ယောမြေအက်ဖ်စီယူ-၁၉(၁-ဝ) မောရဝတီအက်ဖ်စီယူ-၁၉ ပွဲစဉ်မှ ဖြစ်ရပ်အတွက် စည်း/ထိန်းမှ ဆုံးဖြတ်ချက်ချမှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသော MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ပွဲစဉ် (၄) အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ယောမြေအက်ဖ်စီ- မောရဝတီအက်ဖ်စီပွဲစဉ်မှ ဖြစ်ရပ်အတွက် ယနေ့တွင် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်က၊ ရန်ကုန်မြို့၊ ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ယင်းပွဲစဉ်၏ ပွဲချိန် မိနစ် (၃၀) အရောက်တွင် မောရဝတီလူငယ်အသင်းမှ ကျောနံပါတ်(၇) ဂရေဟန် ဘောလုံးရရှိထားစဉ် ယောမြေလူငယ်အသင်းမှ ကျောနံပါတ်(၂) စည်သူကျော် ဘောလုံးဖျက်ထုတ်ခဲ့ရာမှ စတင်၍ နှစ်ဖက်ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်တွင် ယောမြေအက်ဖ်စီအသင်းမှ အရံကစားသမား ကျောနံပါတ်(၂၂) လူမင်းက နှစ်ဖက်ခိုက်ရန် ဖြစ်ပွားနေမှုကို ဟန့်တားပေးနေသည့် မောရဝတီအသင်းမှ အောင်ဘုန်းခန့်(ကျောနံပါတ် ၁၈) အား …

Read more

ငြိမ်းချမ်းအောင်၊ ရှိုရီတို့၏ သွင်းဂိုးများနှင့် နိုင်ပွဲ ပြန်လည်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်း၏ မြက်ခင်းတုကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League 2020 Week 4 ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းက ဧည့်သည်စစ်ကိုင်းယူနိုက်တက်အသင်းအပေါ် နှစ်ဂိုး၊ ဂိုးမရှိဖြင့် နိုင်ပြီး အိမ်ကွင်းမှာ နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အပိုင်အခွင့်အရေး ၄၊၅ ကြိမ်ခန့်ကို ဂိုးသမား နိုင်ဇေယျာထွန်း လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ စစ်ကိုင်းအသင်းကတော့ ပထမပိုင်းမှာ ကွင်းလယ်ပိုင်း အပျက်များခဲ့ပြီး တိုက်စစ်ပိုင်းကို လိုက်ပါပံ့ပိုးပေးနိုင်မှု အားနည်းခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်း ဂိုးမရှိသရေ ကျနေခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်သင်းစလုံး လူစားလဲယှဉ်ပြိုင်ခဲ့လို့ ပွဲက အကြိတ်အနယ် ပိုဖြစ်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ စစ်ကိုင်းအသင်း တိုက်စစ်မှူး ပက်ထရစ်ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ရန်ကုန်အသင်းကလည်း တိုက်စစ်မှူး သန်းပိုင်၊ …

Read more

ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို ဦးမျိုးမင်းထွန်းနှင့် ဒေါ်နယ်ဘစ်ဆာတို့ဆွတ်ခူးရရှိ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မိတ်ဖက်ပါတနာ MPT တို့ ပူးပေါင်းချီးမြှင့်သည့် MPT Myanmar National League 2020 ရာသီ၏ ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို ရွေးချယ်ပေးအပ်ခဲ့ရာ ဟံသာဝတီယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် တိုက်စစ်မှူး ဒေါ်နယ်ဘစ်ဆာတို့ဆွတ်ခူး ရရှိခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းသည် လူငယ်နည်းပြချုပ် ဦးမျိုးမင်းထွန်း၏ ဦးဆောင်မှုအောက်တွင် ရာသီအစ ရာနှုန်းပြည့် နိုင်ပွဲများ ရရှိထားသည်။ ဟံသာဝတီအသင်းသည် ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင် ရခိုင်ယူနိုက်တက်အသင်းကို တစ်ဂိုး၊ ဂိုးမရှိ၊ ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး၊တစ်ဂိုး၊ ချင်းယူနိုက်တက်အသင်းကို သုံးဂိုး၊တစ်ဂိုးတို့ဖြင့် နိုင်ပွဲဆက်တိုက် ရယူကာ အမှတ်ပေးဇယား ဦးဆောင်ခွင့်ကိုပါ ရရှိထားခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဟံသာဝတီအသင်း၏ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒေါ်နယ်ဘစ်ဆာမှာ အသင်းဖော် အီမီကာနှင့်အတူ အတွဲအဖက်မိမိ ကစားထားနိုင်ပြီး …

Read more

(၄) ပွဲမြောက်တွင် နိုင်ပွဲစတင်ရရှိခဲ့ပြီ ဖြစ်သည့် ISPE (အား/ကာသိပ္ပံ) အသင်း

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၄) ၏ ပွဲစဉ်တစ်ပွဲ အဖြစ် ယနေ့ ညနေ ၃း၃၀ အချိန်က I.S.P.E အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ မန္တလာသီရီ အားကစား ကွင်းတွင် ယှဉ်ပြိုင်ကစားရာ I.S.P.E အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင်မှာ ပြိုင်ဆိုင်မှုပြင်းသည့် ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး I.S.P.E အသင်း တွက် တစ်လုံးတည်းသော အနိုင် ဂိုးကို ပွဲချိန် ၈၂ မိနစ် တွင် ထက်အာကာလင်း က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ MPT Myanmar National League 2020 (Week -4) I.S.P.E FC 1-0 Chin …

Read more

ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ MPT Myanmar National League 2020 WEEK 4 ၏ အစောဆုံးပွဲစဉ်

ဇွဲကပင်ယူနိုက်တက်(ဝ-၀) မကွေးအက်ဖ်စီ MPT Myanmar National League 2020 WEEK 4 ၏ အစောဆုံးပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်က ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ယနေ့ပွဲစဉ်မှာ နှစ်သင်းစလုံးက နိုင်ပွဲရရှိရေး ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဂိုးရရှိအောင်တော့ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲလိုက်ရတဲ့ ယာစင်ကြောင့် ဇွဲကပင်အသင်း နစ်နာခဲ့သလို မကွေးအသင်းကလည်း ယနေ့ပွဲမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေ မြင်တွေ့ခဲ့ရပါတယ်။ ပွဲစဉ်(၅) မှာတော့ ဇွဲကပင်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မကွေးအက်ဖ်စီအသင်းက ဟံသာဝတီယူနိုက်တက်အသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရမှာပါ။

Read more

ပွဲစဉ်(၃) တွင် နိုင်ပွဲ စတင်ရရှိခဲ့သည့် မကွေးအက်ဖ်စီ ဆောက်သမ်းမြန်မာ (၁-၂) မကွေးအက်ဖ်စီ

ဆောက်သမ်းမြန်မာအသင်းအိမ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ယခုပွဲစဉ်တွင် နှစ်သင်းစလုံးမှ အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ပထမပိုင်း ၃၃ မိနစ်တွင် အောင်မြတ်သူမှ ခေါင်းတိုက်ဘောမှ တစ်ဆင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး မကွေးအသင်းအတွက် တိုက်စစ်မှူး ပြည်မိုးက ၃၉ မိနစ်၌ ချပဂိုး ရယူပေးခဲ့သဖြင့် ပထမပိုင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့သည်။ ဒုတိယပိုင်းတွင် ဆောက်သမ်းအသင်းမှ မကွေးအသင်း၏ အားနည်းမှုများအား အခွင့်အရေးယူပြီး ရလဒ်ကောင်း ရရှိရေးကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ၅၅ မိနစ်တွင် ဝေယံထွန်းသွင်းဂိုးအား ခွင့်ပြုခဲ့ရပြီးနောက် အိမ်ကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ဆောက်သမ်းအသင်းအနေဖြင့် အိမ်ကွင်းသုံးပွဲဆက် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး လာမည့် ပွဲစဉ်များတွင် ရလဒ်ကောင်း ရရှိရန် လိုအပ်နေသည်။ မကွေးအသင်းမှာမူ ပွဲစဉ်(၂) တွင် ချင်းအသင်းကို အရေးနိမ့်ခဲ့သော်လည်း အဝေးကွင်းတွင် ကစားရသည့် …

Read more