ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည့် ဧရာဝတီယူနိုက်တက်-မကွေးအက်ဖ်စီပွဲစဉ်
ကျောက်တိုင်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်က ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ပွဲဦးထွက် သရေတစ်မှတ်စီနဲ့သာ ကျေနပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အိမ်ရှင် ဧရာဝတီယူနိုက်တက်အသင်းရော ဧည့်သည်မကွေးအက်ဖ်စီအသင်းပါ ဒုတိယပိုင်းမှာ အပိုင်အခွင့် တွေ ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိလို့ ဂိုးမရှိရလဒ် ထွက်ပေါ်ခဲ့တာပါ။ ပွဲပြီးရလဒ် ဧရာဝတီယူနိုက်တက် ဝ-၀ မကွေးအက်ဖ်စီ