တက္ကသိုလ်အသင်းကို အနိုင်ယူပြီး ငါးပွဲဆက်အနိုင်ရခဲ့သည့် ချင်းလန်းအက်ဖ်စီလူငယ်အသင်း
MPT Myanmar National League Youth (U-21) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် မတ်လ ၁၃ ရက်(ယနေ့) ညနေ လေးနာရီက တက္ကသိုလ်ဘောလုံးကွင်းတွင် တက္ကသိုလ်လက် ရွေးစင် ယူ-၂၁ အသင်းနှင့် ချင်းလန်းယူ-၂၁ အသင်းတို့ကစားခဲ့ရာ ချင်းလန်းအသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲချိန် ၂၅ မိနစ်တွင် တက္ကသိုလ်လက်ရွေးစင်အသင်းမှ ပင်နယ်တီရခဲ့ပြီး အဆိုပါ ပင်နယ်တီအား ရဲမင်းဦးမှ အမှားအယွင်းမရှိ ကန်သွင်းကာ အသင်းအတွက် ဦးဆောင်ဂိုးရယူပေးခဲ့သည်။ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုတွင် ချင်းလန်းအသင်းမှ ချေပ ဂိုးပြန်လည်ရခဲ့ပြီး Lang Muan Sang က သွင်းယူပေးခဲ့သဖြင့် ပထမပိုင်းအပြီး တစ်ဂိုးစီသရေကျခဲ့သည်။ ဒုတိယပိုင်းတွင် ပွဲစဉ်သည် ပထမပိုင်းထက် ပိုမိုအကြိတ်အနယ်ရှိခဲ့ပြီး ဂိုးရမည့် အခွင့်အရေးအချို့ နှစ်သင်းစလုံး …