From All News

၂၀၂၀ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ်နှင့် ကစားရမည့် ရှမ်းယူနိုက်တက်အသင်း

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့် (qualifying play-offs) Preliminary round 1 အဖြစ် လာမည့် ဇန်နဝါရီ ၁၄ ရက်၊ မြန်မာစံတော်ချိန် ည ၆း၀၀ Rizal Memorial ကွင်းတွင် အိမ်ရှင် Ceres–Negros အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ခြေစစ်ပွဲပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ် Ceres–Negros အသင်းကို အနိုင်ရခဲ့ပါက ခြေစစ်ပွဲ ဒုတိယ အဆင့်သို့ တက်ရောက်ကစားရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ထိုင်းကလပ် Port အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

Read more

အိမ်ကွင်းပွဲဦးထွက်တွင် ချင်းယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဥ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့)ညနေ သုံးနာရီခွဲက YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရန်ကုန်အသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲချိန် ၂၄ မိနစ်တွင် ရန်ကုန်အသင်းမှ ဦးဆောင်ဂိုးစတင်ရာခဲ့ပြီး လူငယ်တိုက်စစ်မှူး သန်းပိုင်မှ သွင်းယူပေးခဲ့သည်။ ပထမပိုင်းပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ချင်းယူနိုက်တက်အသင်းမှ ချေပဂိုးရခဲ့ပြီး ကျော်မင်းသန်းက ပိတ်သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းမှ လူစားလဲမှုများပြုလုပ်ကာ အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ချင်းယူနိုက်တက်အသင်းဘက်သို့ ထိရောက်သည့် တိုက်စစ်ဆင် စစ်မှုမျိုးမရှိခဲ့ပေ။ ချင်းယူနိုက်တက်အသင်းသည် နောက်တန်းတွင် ကစားသမားငါးဦးအထိ ပိတ်ကစားခဲ့ပြီး တန်ပြန်တိုက်စစ်များဖြင့် ရန်ကုန်အသင်းကို ကစားခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် ရန်ကုန်အသင်းမှ ဒုတိယဂိုးရခဲ့ပြီး လူစားဝင်ရောက်လာခဲ့သည့် …

Read more

ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည့် ဧရာဝတီယူနိုက်တက်-မကွေးအက်ဖ်စီပွဲစဉ်

ကျောက်တိုင်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်က ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ပွဲဦးထွက် သရေတစ်မှတ်စီနဲ့သာ ကျေနပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အိမ်ရှင် ဧရာဝတီယူနိုက်တက်အသင်းရော ဧည့်သည်မကွေးအက်ဖ်စီအသင်းပါ ဒုတိယပိုင်းမှာ အပိုင်အခွင့် တွေ ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိလို့ ဂိုးမရှိရလဒ် ထွက်ပေါ်ခဲ့တာပါ။ ပွဲပြီးရလဒ် ဧရာဝတီယူနိုက်တက် ဝ-၀ မကွေးအက်ဖ်စီ

Read more

ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲအား ဝင်ကြေးအခမဲ့ အဖြစ် ကြည့်ရှု့နိုင်မည်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲသို့ တန်းတက်ကစားခွင့်ရရှိထားသည့် ISPE အသင်းသည် ပွဲဦးထွက်တွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းနှင့် ကစားရ မည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့်ကစားရမည့် ပွဲစဉ်ကိုကွင်းဝင်ကြေး အခမဲ့အဖြစ် သတ်မှတ်ထားသည်။ ဇန်နဝါရီ ၁၀ ရက်(မနက်ဖြန်)တွင် ကစားမည့် ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပြိုင်ပွဲအကြို Manager Meeting အစည်းအဝေးကို ဇန်နဝါရီ ၉ ရက်(ယနေ့) နံနက်က မန္တလာသီရိ ကွင်းအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ ISPE အသင်းသည် ပြီးခဲ့သည့် MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယရခဲ့သည့်အတွက် လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်လာခဲ့ခြင်းဖြစ်သည်။ ISPE အသင်းသည် MPT Myanmar National …

Read more

ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဥ်အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကြည့်ရှု့အားပေးခဲ့

ဇန်နဝါရီ ၁၀ ရက်(ယနေ့) ညနေ သုံးနာရီခွဲက မန္တလာသီရိကွင်းတွင် ကစားခဲ့သည့် ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဥ်အား မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း တက်ရောက်ကြည့်ရှု့အားပေးခဲ့သည်။ MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ၏ ပွဲဦးထွက် ပွဲစဥ်ဖြစ်သည့် ISPE အသင်းနှင့် ရှမ်းယူနိုက်တက် အသင်း တို့ပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ရှမ်းယူနိုက်တက်အသင်း ဥက္ကဠ ဦးခွန်နောင်မြင့်ဝေ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ISPE FC CEO) ဦးကျော်ဦး၊ မြန်မာနေရှင် နယ် လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် …

Read more

ကိတ်စ်၏ သွင်ဂိုးတစ်ဂိုးတည်းဖြင့် ISPE အသင်းကို အနိုင်ရခဲ့သည့် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်

MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်တွင် ဧည့်သည် ရှမ်းယူနိုက်တက်အသင်းက အိမ်ရှင် ISPE အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၂ မိနစ်တွင် ကိတ်စ်မှ သွင်းယူပေးခဲ့သည်။ ISPE အသင်းသည် လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် အဝေး ကွင်း ကစားရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ဇန်နဝါရီ ၁၈ ရက်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် အဝေးကွင်း သွားရောက်ကစားရမည်ဖြစ်သည်။

Read more

ဝင်းနိုင်စိုး၊ မျိုးကိုထွန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အဖွင့်ပွဲမှာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တဲ့ ရတနာပုံ

ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဇွဲကပင်ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ်မှာ ရတနာပုံ အသင်းက ဇွဲကပင် ယူနိုက်တက် အသင်းကို ပွဲချိန် ၂၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဝင်းနိုင်စိုးရဲ့ ပင်နယ်တီဂိုး၊ ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ မျိုးကိုထွန်းရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရရှိပြီး အဖွင့်ပွဲစဉ်မှာ အနိုင် (၃)မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

Read more

၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းသာ လိုပါတော့တယ်..

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကြီး စတင်ဖို့ ရက်ပိုင်းမျှသာ လိုပါတော့တယ်။ တစ်နိုင်ငံလုံးက မြန်မာနေရှင်နယ်လိဂ်ပရိသတ်တွေနဲ့ သည်းသည်လှုပ် အားပေးကြတဲ့ သက်ဆိုင်ရာ ဒေသခံပရိသတ်တွေအတွက် ကိုယ့်မြေ၊ ကိုယ့်ဒေသမှာ ကိုအားပေးတဲ့အသင်းရဲ့ ပွဲစဉ်တွေ မြင်တွေ့ခွင့်ရမယ့် အချိန်ကာလတစ်ခု မကြာခင် ရောက်ရှိလာတော့မယ်ဆိုတဲ့ သဘောတစ်ခုပါပဲ…။ တစ်နည်းအားဖြင့် မန္တလာမြေက ပရိသတ်တွေအတွက်လည်း ဗထူးကွင်းကြီးမှာ ပြန်လည်ဆုံစည်းခွင့် ရမယ့်နေ့ရက်တွေဟာ နီးသထက် နီး၍ လာခဲ့ပါပြီ….။ 4 Days to MPT MNL 2020

Read more

MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယား ထုတ်ပြန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူး၍ ဇန်နဝါရီ ၂၃ ရက်မှ ဇူလိုင်လ ၁၇ ရက်အထိ ကျင်းပပြုလုပ်မည့် MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်ဇယားကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဌာနမှ ထုတ်ပြန်လိုက်ပြီဖြစ်သည်။

Read more

အိမ်ဖြည့်အသင်းသက်သက် မဟုတ်ကြောင်းကို အလုပ်ဖြင့် သက်သေပြသွားမည်ဟု ISPE FC အသင်းနည်းပြပြော

၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ၂ အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယနေရာရရှိခဲ့သည့် ISPE FC အသင်းအနေဖြင့် ယခုနှစ် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် အသင်းဖြစ်သည်။

Read more