From All News

အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့ရသည့် မြန်မာဒါဘီ

မြန်မာနေရှင်နယ်လိဂ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်းတွေ ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ မြန်မာဒါဘီ ပွဲစဉ်ကတော့ ပွဲချိန်တစ်လျှောက် အပြင်းအထန် အားထုတ်မှုတွေနဲ့ အတူ သရေရလဒ်နဲ့သာ အဆုံးသတ်သွား ခဲ့ရပါတယ်။ ရန်ကုန်ယူနိုက်တက် အနေနဲ့ ပွဲချိန် ပထမပိုင်း ၃၉ မိနစ်မှာ အီမန်နျူရယ်ရဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၆ မိနစ်နဲ့ ၇၄ မိနစ်တွေမှာ ရတနာပုံ အသင်းက ဇော်ရဲထွန်း၊ မျိုးကိုထွန်းတို့ရဲ့ သွင်းဂိုးတွေကို နှစ်ဂိုးဆက် ခွင့်ပြုခဲ့ရပြီး ပွဲချိန် ၇၇ မိနစ်မှာ ရရှိတဲ့ အီမန်နျူရယ်ရဲ့ ပင်နယ်တီကြောင့် ရတနာပုံဆီက အမှတ်ပြန်လည် ခွဲယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Read more

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် သတင်းအချက်အလက်များကို ပရိသတ်ထံ လျင်မြန်စွာ စီးဆင်းရောက်ရှိနိုင်ရေး အစွမ်းကုန် ဆောင်ရွက်လျှက်ရှိ

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲကြီး အပါအဝင် မြန်မာနေရှင်နယ်လိဂ်−၂၊ ယူ−၂၁၊ ယူ−၁၉ လိဂ်ပြိုင်ပွဲများကို ပရိသတ်များ ပိုမို စိတ်ဝင်စားအားပေးလာစေရန်၊ မြန်မာ့ ဘောလုံးလောက ပိုမိုတိုးတက်ရေးကို ပိုမိုအထောက်အကူပြုနိူင်စေရန်၊ မြန်မာ့လက်ရွေးစင် အသင်းများ အတွက် ကစားသမား ရွေးချယ်ရာတွင် ပိုမိုအထောက်အပံ့ ဖြစ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းမှ စတင်ကာ Genius Sports ၊ Star Phone စသည့် အဖွဲ့အစည်းများဖြင့် လက်တွဲပြီး Database တည်ဆောက်ကာ ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ကစားသမားများ၏ တစ်ပွဲချင်း စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်များကို ပရိသတ်များ၏ လက်အတွင်းသို့ လျှင်မြန်စွာ ပေးပို့နိုင်ရေး အတွက် ဆောင်ရွက်လျှက် ရှိပါသည်။

Read more

ISPE နှင့် အိမ်ကွင်းပွဲဦးထွက် မတိုင်မီ ရခိုင်ယူနိုက်တက် အသင်း ပရိသတ်များနှင့်တွေ့ဆုံ

မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၂၅ ရက်(ယနေ့)ညနေက စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့ တွင် အသင်းပရိသတ်များနှင့်တွေ့ဆုံကာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ဇယားများပါဝင်သည့် လက်ကမ်းကြော်ငြာများ ကမ်းခဲ့သည်။ အဆိုပါ တွေ့ဆုံမိတ်ဆက်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးနေထက်လင်း၊ အမှုဆောင်အဖွဲ့အတွင်းရေးမှူး ဦးအာရီယန်၊ စစ်တွေမြို့သား အသင်းကစားသမား အောင်သန့်ဇော်၊ကျောက် ဖြူမြို့သား ကောင်းမြတ်ကျော်၊ ဇော်ဇော် နိုင်၊ ဇော်သိန်းဝင်း၊ ဂွမြို့နယ်သား မင်းကိုသူနှင့် အသင်းတာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။ ရခိုင်ယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၂၆ ရက် ဝေသာလီကွင်းတွင် ISPE အသင်းနှင့် ကစားရမည်ဖြစ်သည်။

Read more

ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားသွားမည်ဟု ရတနာပုံအသင်း နည်းပြချုပ် ပြောကြား

လာမည့် ဇန်နဝါရီ ၂၆ ရက် ညနေ ၃း၃၀ အချိန်တွင် ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၃ အဖြစ် အစဉ်အလာပြိုင်ဘက် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သော်လည်း ရတနာပုံအသင်း အနေဖြင့် ရန်ကုန်နှင့် ပွဲစဉ် တစ်ပွဲတည်းကိုသာ အထူးတလည် အားထုတ် ယှဉ်ပြိုင်မည် မဟုတ်ဘဲ ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားအားထုတ်သွားမည်သာ ဖြစ်ကြောင်း ရတနာပုံအသင်း နည်းပြချုပ် ဦးအောင်ကျော်မိုးက ဖွင့်ဟပြောကြားခဲ့သည်။

Read more

အနိုင်ရလဒ် ရယူနိုင်ရန် အတွက် ယုံကြည်မှု အပြည့်ရှိကြောင်း ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ပြောကြား

လာမည့် တနင်္ဂနွေနေ့ ညနေပိုင်း၌ ယှဉ်ပြိုင်ကစားရမည့် ရတနာပုံ အသင်းနှင့် မြန်မာဒါဘီပွဲတွင် အနိုင်ရလဒ် ရယူနိုင်ရေးအတွက် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။

Read more

ပွဲဦးထွက်တွင် မောရဝတီအသင်းကို အနိုင်ရခဲ့သည့် Chinland အသင်း

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲဦးထွက် ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၂၃ ရက်(ယနေ့) ညနေ သုံးနာရီခွဲက ပဒုမ္မာကွင်းတွင် Chinland အသင်းနှင့် မောရဝတီအသင်းတို့ ကစားခဲ့ရာ Chinland အသင်းမှ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မောရဝတီအသင်းမှ ပွဲချိန် ၂၇ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ကျော်ဇေယျက ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ဂိုးရရှိအပြီး နှစ်မိနစ်အကြာတွင် Chinland အသင်းမှ ချေပဂိုးပြန်လည်ရခဲ့ပြီး ဒေးဗစ်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျခဲ့သည်။ ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် မောရဝတီအသင်းမှ ကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး Chinland အသင်းကို ဖိအားပေးကစားခဲ့သည်။ ပွဲချိန် ၅၁ မိနစ်တွင် မောရဝတီအသင်းမှ ပင်နယ်တီ ရခဲ့သည်။ မောရဝတီအသင်းတိုက်စစ်မှူး …

Read more

သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ ဒါဘီပွဲစဉ်

မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အထက်မြန်မာပြည် ဒါဘီပွဲစဉ်က တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ၁၈ မိနစ်မှာ ဝင်းနိုင်စိုးရဲ့ ဖန်တီးပေးမှုကနေ အောင်သူ ဂိုးသွင်းယူပေးခဲ့ပေမယ့် ၃၈ မိနစ်မှာ ဇော်လင်းထက်က ပြန်လည် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် သရေရဒ်ဖြင့်သာ ကျေနပ်ခဲ့ရတာပါ။ ရတနာပုံအသင်းက ပွဲစဉ်(၃)မှာ ရန်ကုန်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းက ရှမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရတနာပုံအက်ဖ်စီ (၁-၁) စစ်ကိုင်းယူနိုက်တက် အောင်သူ ၁၈ မိနစ် ဇော်လင်းထက် ၃၈ မိနစ် (စစ်ကိုင်း)

Read more

မကွေးအသင်းကို အနိုင်ကစားကာ နိုင်ပွဲ စတင်ရယူနိုင်ခဲ့သည့် ချင်းယူနိုက်တက်

ယနေ့ ညနေပိုင်းက YUSC ကွင်း၌ ကျင်းပခဲ့သည့် ချင်းယူနိုက်တက် အသင်းနှင့် မကွေး အသင်းတို့၏ MPT Myanmar National League 2020 ပွဲစဉ် ၂ ပွဲစဉ်တွင် ချင်းယူနိုက်တက် အသင်းက မကွေးအသင်းကို (၂−၀) ဂိုးဖြင့် အနိုင်ကစားကာ ယခုဘောလုံးရာသီအတွက် နိုင်ပွဲ စတင် ရယူနိုင်ခဲ့သည်။

Read more

ဧရာဝတီယူနိုက်တက်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းအား စည်းကမ်းထိန်းသိမ်းရေးမှ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေပြစ်ဒဏ်ချမှတ်

MPT Myanmar National League 2020 ပွဲစဉ် (၁) အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဧရာဝတီယူနိုက်တက်အသင်းနှင့် မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်မှ အပြုအမူများအတွက် နည်းပြ ဦးမျိုးလှိုင်ဝင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အနီးစပ်ဆုံး (၅) ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေကျပ် ၈ သိန်း ချမှတ်ခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှာ အဆိုပါ ပွဲချိန်အတွင်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အကြိမ်ကြိမ်စောဒက တက်သဖြင့် ဒိုင်လူကြီးမှ ပထမအကြိမ်သတိပေးမှု ပြုလုပ်ခဲ့သည်။ ထို့နောက် ပထမပိုင်းအပြီး ဒိုင်လူကြီးများ ကွင်းအတွင်းမှ ထွက်လာသည့်အချိန်တွင် ထပ်မံစောဒကတက်သဖြင့် ဒိုင်လူကြီးမှ အဝါကဒ်ပြ သတိပေးမှုပြုလုပ်ခဲ့သည်။ ထို့အတူ ဒုတိယပိုင်း ပွဲကစားချိန်အပြီး ဒိုင်လူကြီးများ ကွင်းအတွင်းမှ ထွက်လာသည့်အချိန်တွင် ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့် …

Read more

သုဝဏ္ဏကွင်း၏ မြက်ခင်းပြင် အသားကျရန် လိုအပ်သည့် အတွက် MPT MNL 2020 ပွဲစဉ် ၂ နှင့် ၃ မှ ပွဲအချို့ကို ရွှေ့ပြောင်း ကျင်းပမည်

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များနှင့် မြန်မာ့လက်ရွေးစင် အသင်း၏ ပွဲစဉ်များကို လက်ခံကျင်းပလျှက် ရှိသည့် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကြီး၏ မြက်ခင်းပြင်အား ပြီးခဲ့သည့် ၂၀၁၉ နိုဝင်ဘာလ ဒုတိယပတ် ကတည်းက အသစ်ခင်း ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ ပြီးစီးနေပြီ ဖြစ်သော်လည်း မြက်ခင်းပြင် ပိုမိုအသားကျ စေရန် အတွက် အချိန်ပေးရန် လိုအပ်သောကြောင့် အဆိုပါ ကွင်းတွင် ကျင်းပရန် စီစဉ်ထားသည့် MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပွဲစဉ်များ အနက်မှ ပွဲစဉ် ၂ မှ ပွဲ ၂ ပွဲနှင့် ပွဲစဉ် ၃ မှ ပွဲ ၁ ပွဲတို့ကို ပြောင်းရွှေ့ကျင်းပသွားမည် ဖြစ်သည်။

Read more