ဒုတိယပိုင်း သွင်းဂိုးများဖြင့် ဟံသာဝတီယူနိုက်တက် အသင်းကို အနိုင်ရခဲ့သည့် ဧရာဝတီ ယူ-၁၉ အသင်း
MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီယူနိုက်တက် ယူ-၁၉ အသင်းနှင့် ဧရာဝတီယူနိုက်တက် ယူ-၁၉ အသင်းတို့ ကစားခဲ့ရာ ဧရာဝတီအသင်းမှ သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပထမပိုင်းတွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိရန် ဖိအားပေး ကစားခဲ့ပြီး ဟံသာဝတီအသင်းမှ တန်ပြန်တိုက်စစ်များဖြင့် တုံ့ပြန်ခဲ့သည်။ ပထမပိုင်းတွင် ဂိုးမရှိသရေကျခဲ့သည်။ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ဟံသာဝတီအသင်းနောက်ခံလူ ကျော်စိုးအောင်မှ ကိုယ့်ဂိုး ကိုယ်သွင်းယူခဲ့မိခြင်းဖြစ်သည်။ ပွဲချိန် ၇၉ မိနစ်နှင့် ၉၀+၃ မိနစ်များတွင် ဧရာဝတီ အသင်းမှ ဒုတိယဂိုးနှင့် တတိယဂိုးများ ရခဲ့ပြီး ဆွေဦးလှိုင်က သွင်းယူပေးခဲ့သည်။ ဟံသာဝတီအသင်းသည် ချေပဂိုးများ မသွင်းနိုင်သည့်အတွက် ဧရာဝတီယူနိုက်တက်အသင်းမှ သုံးဂိုး …