From All News

ဖေဖော်ဝါရီလအတွက် အကောင်းဆုံးဆုများကို ရန်ကုန်နည်းပြ ဦးတင်မောင်ထွန်းနှင့် မောင်မောင်လွင်တို့ဆွတ်ခူး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မိတ်ဖက်ပါတနာ MPT တို့ ပူးပေါင်းချီးမြှင့်သည့် MPT Myanmar National League 2020 ရာသီ၏ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို ရွေးချယ်ပေးအပ်ခဲ့ရာ အကောင်းဆုံးနည်းပြဆုကို ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးတင်မောင်ထွန်းမှရရှိခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုလည်း ရန်ကုန်ယူနိုက်တက် တိုက်စစ်ကစားသမားမောင်မောင်လွင်တို့မှဆွတ်ခူး ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင် စစ်ကိုင်းယူနိုက်တက်အသင်းကို နှစ်ဂိုး – ဂိုးမရှိ၊ ISPE အသင်းကို နှစ်ဂိုး – ဂိုးမရှိ၊ ဆောက်သမ်းမြန်မာအသင်းကို တစ်ဂိုး-ဂိုးမရှိတို့ဖြင့်အနိုင်ရရှိခဲ့ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး-နှစ်ဂိုး သရေရလဒ်ဖြင့် စွမ်းဆောင်နိုင်ခဲ့ကာအမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ထို့အတူ တိုက်စစ်ကစားသမားမာင်မောင်လွင်မှာ ရန်ကုန်ယူနိုက်တက်အသင်း၏ ပွဲစဉ်များတွင်ခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် အဆိုပါဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးဆုများကို ယနေ့ ဧရာဝတီယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက် …

Read more

ရတနာပုံအသင်း နောက်ခံလူနှစ်ဦး ချင်းယူနိုက်တက် အသင်းနှင့်ပွဲ လွဲချော်မည်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-9) ပွဲစဉ်တစ်ပွဲအဖြစ် ရတနာပုံအသင်းသည် လာမည့် မတ် ၇ ရက်တွင်၊ မန္တလာသီရိကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်း နောက်ခံလူ နှစ်ဦးဖြစ်သည့် နေမျိုးအောင်နှင့် အောင်ဝဏ္ဏစိုးတို့ ပွဲပြယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။ နောက်ခံလူ နေမျိုးအောင်သည် ရတနာပုံအသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ရှစ်ပွဲတွင် ခုနစ်ပွဲ ပွဲထွက် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမားတစ်ဦးဖြစ်သည်။ နေမျိုးအောင်သည် လက်ရှိတွင် အဝါကတ် သုံးကတ် ပြည့်ခဲ့သည့်အတွက် သုံးဝါ တစ်ပွဲ ပြယ်ခံရခြင်းဖြစ်သည်။ အလားတူ နောက်ခံလူ အောင်ဝဏ္ဏစိုးသည် ရတနာပုံအသင်းကစားပြီးခဲ့သည့် ပွဲစဉ် ရှစ်ပွဲတွင် ရှစ်ပွဲ စလုံး ပွဲထွက် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမား …

Read more

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6) ပွဲစဉ်များ

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6) ပွဲစဉ်များပဲ ဖြစ်ပါတယ်။ မတ် ၅ ရက်၊ ညနေ လေးနာရီ၊ စလင်းကွင်းမှာ မြဝတီအသင်းနဲ့ ယောမြေ အသင်း၊ ပဒုမ္မာကွင်းမှာ မောရဝတီအသင်းနဲ့ တက္ကသိုလ်လက်ရွေးစင် အသင်း၊ မတ် ၆ ရက်၊ ညနေ လေးနာရီ ပဒုမ္မာကွင်းမှာ ကချင်ယူနိုက် တက်အသင်းနဲ့ ငွေကြယ်ပွင့်လေးများအသင်းတို့ ကစားကြမှာဖြစ်ပါ တယ်။ ချင်းလန်းအသင်းနဲ့ Junior Lions အသင်းတို့ပွဲစဉ်ကို မတ် ၉ ရက်၊ ညနေ လေးနာရီ၊ စလင်းကွင်းသို့ ပြောင်းရွှေ့ထားပါတယ်။ Junior Lions အသင်းအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် တက္ကသိုလ် ပထမနှစ်ဝက် စာမေးပွဲများရှိနေသဖြင့် ယခုကဲ့သို့ သက်ဆိုင်ရာကလပ်အသင်းများ သဘောတူညီမှုအရ …

Read more

နောက်ကျသွင်းဂိုးများနှင့်အတူ ချင်းယူနိုက်တက်ကို ဂိုးပြတ် အနိုင်ကစားခဲ့သည့် လက်ရှိချန်ပီယံ

MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းဟာ အမှတ်ပေးဇယား အောက်ခြေက ချင်းယူနိုက်တက် အသင်းကို နန္ဒကျော်၊ ဇင်မင်းထွန်းတို့ရဲ့ နောက်ကျအနိုင်ဂိုးတွေနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

Read more

မကွေးအသင်းကို အနိုင်ယူပြီး ၂၀၂၀ ဘောလုံးရာသီအတွက် အိမ်ကွင်းပထမဆုံးနိုင်ပွဲ ရယူခဲ့သည့် စစ်ကိုင်းယူနိုက်တက်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-8) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၉ ရက်( ယနေ့)ညနေ သုံးနာရီခွဲက မုံရွာကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ စစ်ကိုင်းယူ နိုက်တက်အသင်းမှ ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် အသင်းခေါင်းဆောင် တိုးဆက်နိုင်မှ ခေါင်းတိုက်သွင်း ပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် အိမ်ရှင်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်း ၄၉ မိနစ်၊ ၇၆ မိနစ်နှင့် ၈၃ မိနစ်များတွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ ဒုတိယဂိုး၊ တတိယဂိုးနှင့် စတုထ္ထဂိုး တို့ ရခဲ့ပြီး ကောင်းထက်ကျော်၊ ပက်ထရစ်၊အောင်ကိုကိုဝင်းတို့မှ အသီးသီးသွင်းယူပေးခဲ့သည်။ ပွဲအပြီးတွင် အိမ်ရှင်အသင်းမှ ၄-၀ …

Read more

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-4)အပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်း

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-4)အပြီး ဂိုးသွင်းအများဆုံး ကစားသမားနေရာမှာ ကချင်ယူနိုက် တက်အသင်းက Phaw Du Aung နဲ့ ငွေကြယ်ပွင့်လေးများအသင်းက ဥက္ကာစိုးတို့က သွင်းဂိုး ခြောက်ဂိုးစီနဲ့ ဦးဆောင်နေကြပါတယ်။ သွင်းဂိုးအများဆုံး တတိယနေရာမှာ ချင်းလန်းအသင်းက Mung Thein Paw က သွင်းဂိုး ငါးဂိုးနဲ့ ရပ်တည်နေပါတယ်။ #MPTMyanmarNationalLaegueII2020#TopScorer#PhawDuAung#KachinUtd#OkkerSoe#SilverStars#MungTheinPaw#Chinland

Read more

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-5) ပွဲစဉ်များ

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-5) ပွဲစဉ်များပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်၊ ညနေ သုံးနာရီခွဲ၊ ပဒုမ္မာကွင်းတွင် ငွေကြယ်ပွင့်လေး များအသင်းနှင့် Chinland အသင်း၊ ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေ သုံးနာရီခွဲ တက္ကသိုလ်ဘောလုံးကွင်းတွင် တက္ကသိုလ်လက်ရွေးစင် အသင်းနှင့် ကချင် ယူနိုက်တက်အသင်း၊ စလင်းကွင်းတွင် ယောမြေ အသင်းနှင့် မောရဝတီ အသင်းတို့ အသီးသီး ဆက်လက် ကစားကြ မည်ဖြစ်သည်။ အစောပိုင်းက ဖေဖော်ဝါရီ ၂၇ ရက် စလင်းကွင်တွင် ကစားရန် စီစဉ်ထား သည့် Junior Lions အသင်းနှင့် မြဝတီအသင်းတို့ပွဲစဉ်ကို မတ်လ ၂၁ ရက် ပဒုမ္မာကွင်းတွင် …

Read more

လာအိုတိုယိုတာအသင်းကို အိမ်ကွင်းတွင် အနိုင်ယူကာ 2020 AFC Cup ပထမဆုံး နိုင်ပွဲ စတင်ရယူခဲ့သည့် ရန်ကုန်အသင်း

AFC Cup 2020 ဘောလုံးပြိုင်ပွဲ (Group F) အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့)ညနေ သုံးနာရီခွဲက သုဝဏ္ဏကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအိုကလပ် လာအိုတိုယိုတာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်း မှ ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲချိန် ၁၈ မိနစ်တွင် အောင်ကျော်နိုင်မှ သွင်းယူပေးခဲ့ပြီး ဒုတိယ ဦးဆောင်ဂိုးကို ပွဲချိန် ၃၀ မိနစ်တွင် မောင်မောင်လွင်မှ သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်းတွင် လာအိုတိုယိုတာအသင်းမှ ကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် ပထမချေပဂိုးရရှိခဲ့ပြီး နိုရီဟီရိုက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ တတိယဂိုး …

Read more

အိမ်ရှင်ဧရာဝတီယူနိုက်တက်အသင်းထံမှ သရေတစ်မှတ် ရယူခဲ့သည့် ရတနာပုံအသင်း

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-7) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ သုံးနာရီခွဲက ပုသိမ်မြို့၊ ကျောက်တိုင်ကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေ ကျခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံးမှ ဦးဆောင်ဂိုးရမည့် အခွင့်အရေးအချို့ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျခဲ့သည်။ ဒုတိယပိုင်း ပြန်အစတွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရရှိရန် ရတနာပုံအသင်းဘက်သို့ ထိုးဖောက်ကစားခဲ့ သော်လည်း ရတနာပုံအသင်းမှ အကောင်းဆုံးတုံ့ပြန်ကစားခဲ့သည်။ ပွဲချိန် ၇၃ မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး စိုးမိုးကျော်မှ သွင်းယူပေးခဲ့သည်။ ပွဲချိန် မိနစ် ၉၀ တွင် ရတနာပုံအသင်းမှ ချေပဂိုး ပြန်လည်ရခဲ့ပြီး တိုက်စစ်မှူး အောင်သူမှ သွင်းယူပေးခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် …

Read more

AFC Cup 2020 (Yangon United, Shan United)

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း နှစ်သင်းဖြစ်တဲ့ ရှမ်းယူနိုက်တက် အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစား လျက်ရှိတဲ့ AFC Cup 2020 အုပ်စု(F) နဲ့ အုပ်စု(G)တို့ရဲ့ ပွဲစဉ်ဇယားပဲ ဖြစ်ပါ တယ်။ လက်ရှိမှာ နှစ်သင်းစလုံးက အုပ်စုပွဲဦးထွက်အဖြစ် တစ်ပွဲစီ ကစားထားပြီး ကြပြီး ရန်ကုန်ယူနိုက် တက်အသင်းက သရေ၊ ရှမ်းယူနိုက်တက်အသင်း ကတော့ ရှုံးပွဲကြုံတွေ့ထားပါတယ်။ #AFCCup2020 #GroupF #YangonUnited #GroupG #ShanUnited

Read more