၂၀၂၂ မြန်မာနေရှင်နယ်လိဂ် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
အမှတ်ပေးချန်ပီယံဆုအား ရှမ်းယူနိုက်တက်အသင်းသုံးနှစ်ဆက်ရယူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော Myanmar National League 2022 ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရာသီပိတ်နောက်ဆုံးပွဲစဥ်ဖြစ်သည့် ရှမ်းယူနိုက်တက် (၁-၀) ISPE ပွဲစဥ်အပြီး သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ရာသီပိတ်နောက်ဆုံးပွဲစဥ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အားကစားနှင့်ကာယာပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဧရာဝတီဘဏ်ဒုတိယဥက္ကဌ …