မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT မှ SIM Card များနှင့် ငွေဖြည့်ကတ်များ လာရောက်လှူဒါန်း

မြန်မာဘောလုံး အကယ်ဒမီနှင့် မြန်မာ့လက်ရွေးစင် အသင်း အဆောင်များမှ COVID-19 သီးခြားစောင့်ကြည့်ခံများ အတွက် မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက် MPT မှ CSR အစီအစဉ် အဖြစ် SIM Card များနှင့် ငွေဖြည့်ကတ်များကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ လာရောက် လှူဒါန်းခဲ့သည်။

SIM Card ၂၅၀ ကတ်နှင့် တစ်ထောင်တန် ငွေဖြည့်ကတ် ၂၅၀ တို့ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးမိုးသူရက လာရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က လက်ခံရယူခဲ့သည်။

မြန်မာဘောလုံး အကယ်ဒမီနှင့် မြန်မာ့လက်ရွေးစင် အသင်း အဆောင်များကို နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာမည့် သူများကို သီးခြားစောင့်ကြည့်မှုများ ပြုလုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ပံ့ပိုးပေးထားခြင်း ဖြစ်သည်။