MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီယူနိုက်တက်ယူ-၁၉ အသင်းနှင့် ရှမ်းယူနိုက်တက်ယူ-၁၉ အသင်းတို့ ယနေ့ ညနေ သုံးနာရီခွဲက တောင်ဒဂုံကွင်းတွင် ကစားခဲ့ရာ ဟံသာဝတီအသင်းမှ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဟံသာဝတီအသင်းအတွက် ဂိုးများကို ပွဲချိန်၅၆ မိနစ်တွင် စည်သူကျော်နှင့် ၈၅မိနစ်တွင် စည်သူအောင်တို့က သွင်းယူပေးခဲ့ပြီး ရှမ်းအသင်းတွက် ချေပဂိုးကို ပွဲချိန် ၇၃မိနစ်တွင် ကမ်းဌာနီ မှ ရယူပေးခဲ့ခြင်းဖြစ်သည်။

MPT Myanmar National League (U-19) 2020
Hantharwady Utd 2-1 Shan United
No.11 Sithu Kyaw 56′ (HUFC)
No.9 Sithu Aung. 85′(HUFC)
No.14 Kam Htar Ni 73′ (SUFC)