MPT Myanmar National League (U-21) 2020 Week 3
စစ်ကိုင်းယူနိုက်တက်(ဝ-၁)ISPE

ယနေ့ ညနေပိုင်းက ပဒုမ္မာကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League (U-21) 2020 ပွဲစဉ်(၃) မှာ ISPE (အား/ကာသိပ္ပံ)လူငယ်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းအပေါ် ပြည့်ဖြိုးခိုင်၏ သွင်းဂိုးနဲ့အတူ တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ISPE အသင်းအနေဖြင့် ယနေ့ပွဲအနိုင်ရလဒ်ကြောင့် ရာသီအစ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီး စစ်ကိုင်းယူနိုက်တက်ကတော့ ရာသီအစ သုံးပွဲဆက် အရေးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။
ယနေ့ယှဉ်ပြိုင်ကစားခဲ့သော အခြားပွဲစဉ်ရလဒ်များ။
ရတနာပုံ (၃-ဝ) မောရဝတီ
ဟံသာဝတီယူနိုက်တက် (ဝ-၂) ရှမ်းယူနိုက်တက်