MPT Myanmar National League (U-21) 2020 ပွဲစဉ် (၁၁) အပြီး ရလဒ်များနှင့် အမှတ်ပေးဇယား ရပ်တည်မှု ဖြစ်ပါတယ်။

ပွဲစဉ် (၁၁) မှာ ယူနီဗာစတီအက်ဖ်စီ- ဇွဲကပင်ယူနိုက်တက် ပွဲစဉ်ကို ယူနီဗာစတီအသင်းမှ ကျောင်းသားများ၏ စာမေးပွဲကာလနှင့် တိုက်ဆိုင်နေတာကြောင့် မူလကတည်းက မေလအတွင်းသို့ ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပြီး ကချင်ယူနိုက်တက်- ယောမြေအက်ဖ်စီအသင်းတို့ ပွဲစဉ်ကို Covid-19 ကူးစက်ရောဂါအခြေအနေကြောင့် အရေးပေါ် ရွှေ့ဆိုင်းခဲ့ရတာပဲ ဖြစ်ပါတယ်။