ပထမပိုင်း သွင်းဂိုးများဖြင့် မောရဝတီအသင်းကို အနိုင်ရခဲ့သည့် ဟံသာဝတီလူငယ်အသင်း

MPT Myanmar National League Youth (U-19) 2020 အမှတ်ပေး‌ ဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ လေးနာရီက ပဒုမ္မာကွင်း တွင် ဟံသာဝတီယူနိုက်တက် ယူ-၁၉ အသင်းနှင့် မောရဝတီ ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ
ဟံသာဝတီယူနိုက် တက် ယူ-၁၉ အသင်းမှ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပွဲချိန် ၁၀ မိနစ်တွင် ဟံသာဝတီအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး စည်သူအောင်မှ သွင်းယူပေးခဲ့သည်။ ထို့အတူ ပွဲချိန် ၂၆ မိနစ်တွင်လည်း ဒုတိယဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး စည်သူအောင်မှပင် ထပ်မံသွင်းယူပေးခဲ့သဖြင့် ပထမပိုင်းအပြီး ဟံသာဝတီ အသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် မောရဝတီအသင်းမှ ချေပဂိုးများ ပြန်လည်ရရန် ကြိုးပမ်းခဲ့ သော်လည်း ဂိုးမရခဲ့ဘဲ ဟံသာဝတီအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီယူနိုက်တက်လူငယ်အသင်းသည် ၁၀ ပွဲ ကစားပြီးချိန်တွင် ငါးပွဲနိုင်၊ နှစ်ပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ၁၇ မှတ် ရရှိထားပြီး မောရဝတီအသင်းသည် တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ ရှစ်ပွဲ ရှုံး ရမှတ် လေးမှတ် ရရှိထားသည်။