ရှုံးပွဲမရှိစံချိန်ကောင်းနဲ့ အမှတ်ပေးဇယားကို ဆက်လက်ပိုင်စိုးထားတဲ့ ဧရာဝတီယူနိုက်တက်လူငယ်အသင်း

MPT Myanmar National League (U-21) 2020 ပွဲစဉ် (၁၀) အပြီးမှာ ဧရာဝတီယူနိုက်တက်လူငယ်အသင်းက ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ဆက်လက်ပိုင်စိုးထားပါတယ်။ ထို့အတူပဲ ယခုတစ်ပတ်ပွဲစဉ်တွေအပြီး ရတနာပုံအသင်းက အမှတ်ပေးဇယား ဒုတိယနေရာကို တစ်ဖန်တက်ရောက်လာနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ရှုံးပွဲတွေ ကြုံတွေ့ထားတဲ့ မြဝတီအက်ဖ်စီအသင်းက အဆင့် (၅) နေရာအထိ ဆင်းပေးခဲ့ရတာ တွေ့ရပါတယ်။

ယခုတစ်ပတ် ပွဲစဉ် (၁၀) ရဲ့ ပွဲစဉ်တွေကို မူလရေးဆွဲထားတဲ့အတိုင်း ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ယူနီဗာစတီအသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်ကို တက္ကသိုလ်ကျောင်းသားတွေရဲ့ စာမေးပွဲကာလနှင့် တိုက်ဆိုင်နေတာကြောင့် ဧပြီလ ၈ ရက်နေ့မှ ပြောင်းရွှေ့ယှဉ်ပြိုင်ကစားမှာပါ။