ဇွဲကပင်ယူနိုက်တက်အသင်း အနေနဲ့ ပွဲစဉ် (၉) မှာ ပထမဆုံးနိုင်ပွဲ ရရှိပြီး အမှတ်ပေးဇယား အဆင့်(၁၀) နေရာကို တက်လှမ်းလာနိုင်ခဲ့တာ တွေ့ရပါတယ်။

ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National
League 2020 ပွဲစဉ် (၉)မှာ ဇွဲကပင်ယူနိုက်တက်အသင်းက
ဆောက်သမ်းမြန်မာအသင်းကို
(၃-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ ဇွဲကပင်အသင်းအတွက် ယခုနှစ်ရာသီ ပထမဆုံးနိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဇွဲကပင်အသင်းအနေနဲ့ ယနေ့ပွဲမှာ ယခုထက် ဂိုးသွင်းခွင့် ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇွဲကပင်အသင်းအတွက် ဂိုးတွေကို ပထမပိုင်း ၄၅+၂ မိနစ်မှာ မင်းဇော်စိုး၊ ၅၆၊ ၇၆ မိနစ်တွေမှာ တိုက်စစ်မှူး ယာဆင်က တစ်ဦးတည်း နှစ်ဂိုးရယူပေးခဲ့တာဖြစ်ပြီး ဆောက်သမ်းအသင်းအတွက် ပွဲပြီးကာနီး စက္ကန့်ပိုင်းအလိုမှာ တိုက်စစ်မှူး ကောင်းစည်သူက ရယူပေးခဲ့တာပါ။

ဆောက်သမ်းမြန်မာအသင်း အနေနဲ့ နှစ်ပွဲဆက် ရမှတ် ရယူနိုင်ခဲ့ပေမယ့် ယနေ့ပွဲမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာကြောင့် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။