MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲသို့ တန်းတက်ကစားခွင့်ရရှိထားသည့် ISPE အသင်းသည် ပွဲဦးထွက်တွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းနှင့် ကစားရ မည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့်ကစားရမည့် ပွဲစဉ်ကို
ကွင်းဝင်ကြေး အခမဲ့အဖြစ် သတ်မှတ်ထားသည်။
ဇန်နဝါရီ ၁၀ ရက်(မနက်ဖြန်)တွင် ကစားမည့် ISPE အသင်းနှင့်
ရှမ်းယူနိုက်တက်အသင်းတို့၏ ပြိုင်ပွဲအကြို Manager Meeting အစည်းအဝေးကို
ဇန်နဝါရီ ၉ ရက်(ယနေ့) နံနက်က မန္တလာသီရိ ကွင်းအစည်းအဝေးခန်းမတွင်
ပြုလုပ်ခဲ့သည်။
ISPE အသင်းသည် ပြီးခဲ့သည့် MPT Myanmar National
League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယရခဲ့သည့်အတွက် လိဂ်-၁
ပြိုင်ပွဲသို့ တန်းတက်လာခဲ့ခြင်းဖြစ်သည်။ ISPE အသင်းသည် MPT Myanmar
National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် မန္တလာသီရိကွင်းကို
အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အသင်းအား ပရိသတ်များ
ပိုမိုအားပေးနိုင်စေရန် ရည်ရွယ်၍ ရှမ်းယူနိုက် တက်အသင်းနှင့်
ပွဲဦးထွက်ပွဲကို ဝင်ကြေးအခမဲ့ အဖြစ်သတ်မှတ် ခဲ့ခြင်းဖြစ်သည်။ MPT Myanmar
National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1)
ပွဲဦးထွက်ပွဲအဖြစ် ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့သည် လာမည့်
ဇန်နဝါရီ ၁၀ ရက်၊ ညနေ သုံးနာရီခွဲ၊ မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင်
ကစားကြမည်ဖြစ် သည်။