MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်တွင် ဧည့်သည် ရှမ်းယူနိုက်တက်အသင်းက အိမ်ရှင် ISPE အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၂ မိနစ်တွင် ကိတ်စ်မှ သွင်းယူပေးခဲ့သည်။ ISPE အသင်းသည် လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် အဝေး ကွင်း ကစားရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ဇန်နဝါရီ ၁၈ ရက်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် အဝေးကွင်း သွားရောက်ကစားရမည်ဖြစ်သည်။