MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကြီး စတင်ဖို့ ရက်ပိုင်းမျှသာ လိုပါတော့တယ်။
တစ်နိုင်ငံလုံးက မြန်မာနေရှင်နယ်လိဂ်ပရိသတ်တွေနဲ့ သည်းသည်လှုပ် အားပေးကြတဲ့ သက်ဆိုင်ရာ ဒေသခံပရိသတ်တွေအတွက် ကိုယ့်မြေ၊ ကိုယ့်ဒေသမှာ ကိုအားပေးတဲ့အသင်းရဲ့ ပွဲစဉ်တွေ မြင်တွေ့ခွင့်ရမယ့် အချိန်ကာလတစ်ခု မကြာခင် ရောက်ရှိလာတော့မယ်ဆိုတဲ့ သဘောတစ်ခုပါပဲ…။
တစ်နည်းအားဖြင့် မန္တလာမြေက ပရိသတ်တွေအတွက်လည်း ဗထူးကွင်းကြီးမှာ ပြန်လည်ဆုံစည်းခွင့် ရမယ့်နေ့ရက်တွေဟာ နီးသထက် နီး၍ လာခဲ့ပါပြီ….။
4 Days to MPT MNL 2020
