မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း တစ်သင်းဖြစ်သည့် ဟံသာ၀တီ ယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၅ ရက်(ယနေ့)က ထိုင်းနိုင်ငံရှိ
ThaiBev ဘောလုံးအကယ်ဒမီသို့ သွားရောက် လေ့လာခဲ့သည်။
ThaiBev ဘောလုံးအကယ်ဒမီ၏ ဖိတ်ကြားမှုအရ ဟံသာ၀တီ ယူနိုက်တက်အသင်းသည် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပြီး
လူငယ်ဘောလုံးအကယ်ဒမီလေ့လာမှုခရီးတွင် အသင်းပိုင်ရှင် ဦးအောင်မိုးကျော်၊ အသင်းမန်နေဂျာဦးထွန်းထွန်းလင်း၊ အသင်း နည်းစနစ်ဒါရိုက်တာ ဦးငွေထွန်းနှင့် အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း တို့ လိုက်ပါခဲ့ကြသည်။
ဇန်နဝါရီ ၅ ရက်(ယနေ့)နံနက်ပိုင်းတွင် ThaiBev ဘောလုံးအကယ်ဒမီရှိ လူငယ်ကစားသမားများအား လေ့လာသင်ကြားနေမှုများကို လေ့လာခဲ့ပြီး မွန်းလွဲပိုင်းတွင်ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ ThaiBevဘောလုံးအကယ်ဒမီ အနေဖြင့် လာမည့်အနာဂတ်တွင် ဟံသာ၀တီယူနိုက်တက်အသင်းအား ဘောလုံးနှင့်ပတ်သက်သည့် အကူအညီများကို ကူညီပံ့ပိုးသွားရန် ရှိနေသည်။