မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒိုင်ကြီးကြပ်များ၊ ဒိုင်လူကြီးများနှင့် တွေ့ဆုံ၍ ယှဉ်ပြိုင်ကစားပြီးခဲ့သည့် ပွဲစဉ်များမှ ဒိုင်များ၏ အားနည်းချက်၊အားသာချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း တိုင်ပင်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့တွေ့ဆုံမှုကို သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ မိမိတို့အနေဖြင့် ဒိုင်လူကြီးများအတွက် အရေးပါသည့် ဒိုင်သင်တန်းများ၊ ဒိုင်ဝတ်စုံများ စသည့် လိုအပ်သော ထောက်ပံ့မှုများကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ဒိုင်လူကြီးများဘက်မှလည်း ပွဲစဉ်တိုင်း အကောင်းဆုံးဖြစ်စေရန်၊ အမှားအယွင်းနည်းနိုင်သမျှ နည်းစေရန် ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါကြောင်း၊ ပြီးခဲ့သည့် ပွဲစဉ်များတွင် ဒိုင်များ၏ စွမ်းဆောင်ရည်ပိုင်း အားသာချက်များ ရှိခဲ့သည့်နည်းတူ အားနည်းချက်အချို့ကိုပါ တွေ့မြင်ရပါကြောင်း၊ ထို့ပြင် ရက်ပိုင်းအတွင်း ကျင်းပသွားခဲ့သည့် အေအက်ဖ်စီပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်သွားသည့် ဒိုင်များ၏ ပွဲအပေါ်ထိန်းချုပ်ကိုင်တွယ်မှုများကိုလည်း မိမိတို့ဒိုင်အဖွဲ့အနေဖြင့် အတုယူသင့်ပါကြောင်း၊ ပွဲတစ်ပွဲအပေါ် ချဉ်းကပ်ဆောင်ရွက်ရာတွင် အားနာသောစိတ်ဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ ကလပ်အသင်းများ နစ်နာမှု မရှိစေရန် ရာနှုန်းပြည့်နီးပါး စွမ်းဆောင်ရည်ကောင်းစွာဖြင့် စည်းမျဉ်းဥပဒေအတိုင်း ပြတ်ပြတ်သားသား တာဝန်ယူကိုင်တွယ်သွားရန် လိုအပ်ပါကြောင်း၊ ဒိုင်လောကတစ်ခုလုံးအတွက်၊ မြန်မာနေရှင်နယ်လိဂ်အတွက်၊ မြန်မာ့ဘောလုံးလောကအတွက် ပိုမိုကောင်းမွန်အောင် ကြိုးစားပေးစေလိုပါကြောင်း စသဖြင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် (ဒိုင်ကော်မတီဥက္ကဋ္ဌ) ဦးထွန်းလှအောင်မှ ပြီးခဲ့သည့် ပွဲစဉ်များမှ စွမ်းဆောင်ရည်များအပေါ် ပြန်လည်သုံးသပ်၍ လာမည့်ပွဲစဉ်များတွင် ပိုမိုကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အမှုဆောင်အရာရှိချုပ်မှ ဒိုင်ကြီးကြပ်များ၊ ဒိုင်လူကြီးများအတွက် FBT အမှတ်တံဆိပ် ဒိုင်ဝတ်စုံများ၊ Track Suit အကျီင်္များ၊ ပိုလိုရှပ်များနှင့် ခရီးဆောင် ကျောပိုးအိတ်များ ထောက်ပံ့ပေးအပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ဟံသာဝတီယူနိုက်တက်- ရတနာပုံအက်ဖ်စီ၊ ရခိုင်ယူနိုက်တက်-မကွေးအက်ဖ်စီ၊ ချင်းယူနိုက်တက်- ဧရာဝတီယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်- ရှမ်းယူနိုက်တက်၊ ISPE- စစ်ကိုင်းယူနိုက်တက်၊ ဆောက်သမ်းမြန်မာ- ရန်ကုန်ယူနိုက်တက် အသင်းပွဲစဉ်တွေနဲ့