၂၀၂၀ အေအက်ဖ်စီဖလား အုပ်စု(စ) အဖွင့်ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အုပ်စု(စ) အဖွင့်ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်(မြန်မာ)နှင့် ဟိုချီမင်းစီးတီး(ဗီယက်နမ်) အသင်းတို ယနေ့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပွဲတွင် ဟိုချီမင်းစီးတီးအသင်းက ၁၁ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ရန်ကုန်အသင်းအတွက် ပွဲချိန် ၁၅ မိနစ်၊ ၁၉ မိနစ်များတွင် အီမန်နျူရယ်နှင့် မောင်မောင်ဝင်းတို့ ချေပဂိုးနှင့် ဦးဆောင်ဂိုးကို ဆက်တိုက်သွင်းယူနိုင်ခဲ့သည်။

သို့သော်လည်း အဆိုပါ ဦးဆောင်ဂိုးကို ထိန်းထားနိုင်ခြင်း မရှိဘဲ ပွဲချိန် ၄၁ မိနစ်တွင် ငုယင်ကောင်ဖောင်၏ ချေပဂိုးကို ခွင့်ပြုခဲ့ရသဖြင့် အိမ်ကွင်းတွင် ပွဲဦးထွက် သရေတစ်မှတ်သာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အသင်းသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် အုပ်စုဒုတိယပွဲစဉ်အဖြစ် လာအိုကလပ် လာအိုတိုယိုတာအသင်းနှင့် အိမ်ကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
AFC CUP 2020
Group (F)
FT: Yangon United 2-2 Ho Chi Minh City
Amido Balde 11’
Nguyen Cong Phoung 41’
Emmanuel 15’ (YUFC)
Mg Mg Win 19’ (YUFC)