ရန်ကုန်ယူနိုက်တက်နှင့် ISPE (အား/ကာသိပ္ပံ)အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အိမ်ရှင် ရန်ကုန်အသင်းက အဘူဘာကာ၊ မောင်မောင်လွင်တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲစဉ်ကို ယနေ့ညနေပိုင်းမှာ ရန်ုကုန်ယူနိုက်တက်အသင်းရဲ့ မြက်ခင်းတု YUSC ကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ရန်ကုန်အသင်းအတွက် ပထမပိုင်း ၄၁ မိနစ်မှာ အဘူဘာကာ၊ ဒုတိယပိုင်း ၅၈ မိနစ်မှာ မောင်မောင်လွင်တို့က တစ်ဂိုးစီ ရယူပေးခဲ့တာ ဖြစ်ပါတယ်။
လူငယ်ကစားသမားများနဲ့ ဖွဲ့စည်းထားတဲ့ တန်းတက် ISPE အသင်းအနေဖြင့် ဂိုးရနိုင်မယ့် အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့အပြင် အတွေ့အကြုံပိုင်းမှာလည်း အိမ်ရှင်အသင်းကို မယှဉ်နိုင်တာကြောင့် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။