ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ MPT Myanmar National League 2020 WEEK 4 ၏ အစောဆုံးပွဲစဉ်


ဇွဲကပင်ယူနိုက်တက်(ဝ-၀) မကွေးအက်ဖ်စီ

MPT Myanmar National League 2020
WEEK 4 ၏ အစောဆုံးပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်က ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။

ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည့် ဇွဲကပင်ယူနိုက်တက်- မကွေးအက်ဖ်စီပွဲစဉ်။

သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ယနေ့ပွဲစဉ်မှာ နှစ်သင်းစလုံးက နိုင်ပွဲရရှိရေး ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဂိုးရရှိအောင်တော့ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည့် ဇွဲကပင်ယူနိုက်တက်- မကွေးအက်ဖ်စီပွဲစဉ်။

ဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲလိုက်ရတဲ့ ယာစင်ကြောင့် ဇွဲကပင်အသင်း နစ်နာခဲ့သလို မကွေးအသင်းကလည်း ယနေ့ပွဲမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေ မြင်တွေ့ခဲ့ရပါတယ်။

ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည့် ဇွဲကပင်ယူနိုက်တက်- မကွေးအက်ဖ်စီပွဲစဉ်။

ပွဲစဉ်(၅) မှာတော့ ဇွဲကပင်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မကွေးအက်ဖ်စီအသင်းက
ဟံသာဝတီယူနိုက်တက်အသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရမှာပါ။

ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည့် ဇွဲကပင်ယူနိုက်တက်- မကွေးအက်ဖ်စီပွဲစဉ်။