MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-4) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေသုံးနာရီခွဲက ပုသိမ်၊ ကျောက်တိုင်ကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရှမ်း ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ အိမ်ရှင်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ပထမပိုင်းတွင် နှစ်သင်းစလုံးမှ အခွင့်အရေး အချို့စီရခဲ့သော်လည်း ဂိုး အဖြစ် အဆုံးမသတ်နို်င်သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး Success က သွင်းယူပေးခဲ့သည်။ ဧရာဝတီအသင်း အနိုင်ရလဒ်အား ပွဲပြီးဆုံးချိန်ထိ ထိန်းသိမ်းသွားနိုင် သဖြင့် အိမ်ကွင်း နိုင်ပွဲ ဆက်ခဲ့သည်။
