ဆောက်သမ်းမြန်မာအသင်းအိမ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ယခုပွဲစဉ်တွင် နှစ်သင်းစလုံးမှ အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ပထမပိုင်း ၃၃ မိနစ်တွင် အောင်မြတ်သူမှ ခေါင်းတိုက်ဘောမှ တစ်ဆင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး မကွေးအသင်းအတွက် တိုက်စစ်မှူး ပြည်မိုးက ၃၉ မိနစ်၌ ချပဂိုး ရယူပေးခဲ့သဖြင့် ပထမပိုင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့သည်။

ဒုတိယပိုင်းတွင် ဆောက်သမ်းအသင်းမှ မကွေးအသင်း၏ အားနည်းမှုများအား
အခွင့်အရေးယူပြီး ရလဒ်ကောင်း ရရှိရေးကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ
၅၅ မိနစ်တွင် ဝေယံထွန်းသွင်းဂိုးအား ခွင့်ပြုခဲ့ရပြီးနောက်
အိမ်ကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဆောက်သမ်းအသင်းအနေဖြင့် အိမ်ကွင်းသုံးပွဲဆက် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး လာမည့် ပွဲစဉ်များတွင် ရလဒ်ကောင်း ရရှိရန် လိုအပ်နေသည်။ မကွေးအသင်းမှာမူ ပွဲစဉ်(၂) တွင် ချင်းအသင်းကို အရေးနိမ့်ခဲ့သော်လည်း အဝေးကွင်းတွင် ကစားရသည့် ပွဲစဉ်(၃) တွင် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

MPT Myanmar National League 2020
Week 3
Southern Myanmar 1-2 Magwe FC
Aung Myat Thu 33′
Pyae Moe 39′(Magwe)
Wai Yan Tun 55′(Magwe)
