ISPE နှင့် အိမ်ကွင်းပွဲဦးထွက် မတိုင်မီ ရခိုင်ယူနိုက်တက် အသင်း ပရိသတ်များနှင့်တွေ့ဆုံ

မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၂၅ ရက်(ယနေ့)ညနေက စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့ တွင် အသင်းပရိသတ်များနှင့်တွေ့ဆုံကာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ဇယားများပါဝင်သည့် လက်ကမ်းကြော်ငြာများ ကမ်းခဲ့သည်။

အဆိုပါ တွေ့ဆုံမိတ်ဆက်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးနေထက်လင်း၊ အမှုဆောင်အဖွဲ့အတွင်းရေးမှူး ဦးအာရီယန်၊ စစ်တွေမြို့သား အသင်းကစားသမား အောင်သန့်ဇော်၊ကျောက် ဖြူမြို့သား ကောင်းမြတ်ကျော်၊ ဇော်ဇော် နိုင်၊ ဇော်သိန်းဝင်း၊ ဂွမြို့နယ်သား မင်းကိုသူနှင့် အသင်းတာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၂၆ ရက် ဝေသာလီကွင်းတွင် ISPE အသင်းနှင့် ကစားရမည်ဖြစ်သည်။