၂၀၂၀ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ်နှင့် ကစားရမည့် ရှမ်းယူနိုက်တက်အသင်း

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့် (qualifying play-offs) Preliminary round 1 အဖြစ် လာမည့် ဇန်နဝါရီ ၁၄ ရက်၊ မြန်မာစံတော်ချိန် ည ၆း၀၀ Rizal Memorial ကွင်းတွင် အိမ်ရှင် Ceres–Negros အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ခြေစစ်ပွဲပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ် Ceres–Negros အသင်းကို အနိုင်ရခဲ့ပါက ခြေစစ်ပွဲ ဒုတိယ အဆင့်သို့ တက်ရောက်ကစားရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ထိုင်းကလပ် Port အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။