၂၀၂၀ ဘောလုံးရာသီတွင် ဒေသတွင်းလိဂ်တစ်ခုဖြစ်သည့် ထိုင်းလိဂ်ပြိုင်ပွဲသို့ မြန်မာကစားသမား (၅) ဦး သွားရောက်ကစားကြမည်ဖြစ်သည်။
အဆိုပါ ကစားသမား (၅) ဦးမှာ ဇော်မင်းထွန်းနှင့် ကျော်ကိုကိုက ထိုင်းလိဂ် ၁ ကလပ် ဆူခိုထိုင်းအသင်း၊
Trat အသင်း၌ အောင်ကောင်းမာန်၊ ထိုင်းလိဂ် -၂ ကလပ် ချိုင်းနတ်ဟွန်းဘေးအသင်းတွင် မြတ်ကောင်းခန့်နှင့် ထိုင်းလိဂ်-၃ ကလပ် မြောင်ကန်အသင်းတွင် ဆွမ်လမ်မန်တို့ သွားရောက်ကစားကြမည်လည်းဖြစ်သည်။
ထို့ကြောင့် အထက်ပါ ကစားသမားများ အနေဖြင့် သက်ဆိုင်ရာ ကလပ်အသင်းများနှင့်အတူ အောင်မြင်မှုများ ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း မြန်မာနေရှင်နယ်လိဂ်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။