သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ ဒါဘီပွဲစဉ်

မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အထက်မြန်မာပြည် ဒါဘီပွဲစဉ်က တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

၁၈ မိနစ်မှာ ဝင်းနိုင်စိုးရဲ့ ဖန်တီးပေးမှုကနေ အောင်သူ ဂိုးသွင်းယူပေးခဲ့ပေမယ့် ၃၈ မိနစ်မှာ ဇော်လင်းထက်က
ပြန်လည် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် သရေရဒ်ဖြင့်သာ ကျေနပ်ခဲ့ရတာပါ။

ရတနာပုံ(၁-၁) စစ်ကိုင်းယူနိုက်တက်ပွဲစဉ်ကို လာရောက်အားပေးခဲ့သည့် ပရိသတ်များ။

ရတနာပုံအသင်းက ပွဲစဉ်(၃)မှာ ရန်ကုန်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းက ရှမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရတနာပုံအက်ဖ်စီ (၁-၁) စစ်ကိုင်းယူနိုက်တက်
အောင်သူ ၁၈ မိနစ်
ဇော်လင်းထက် ၃၈ မိနစ် (စစ်ကိုင်း)