ယောမြေအက်ဖ်စီယူ-၁၉(၁-ဝ) မောရဝတီအက်ဖ်စီယူ-၁၉ ပွဲစဉ်မှ ဖြစ်ရပ်အတွက် စည်း/ထိန်းမှ ဆုံးဖြတ်ချက်ချမှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသော MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ပွဲစဉ် (၄) အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ယောမြေအက်ဖ်စီ- မောရဝတီအက်ဖ်စီပွဲစဉ်မှ ဖြစ်ရပ်အတွက် ယနေ့တွင် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက်က၊ ရန်ကုန်မြို့၊ ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ယင်းပွဲစဉ်၏ ပွဲချိန် မိနစ် (၃၀) အရောက်တွင်
မောရဝတီလူငယ်အသင်းမှ ကျောနံပါတ်(၇) ဂရေဟန် ဘောလုံးရရှိထားစဉ် ယောမြေလူငယ်အသင်းမှ ကျောနံပါတ်(၂) စည်သူကျော် ဘောလုံးဖျက်ထုတ်ခဲ့ရာမှ စတင်၍ နှစ်ဖက်ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့သည်။

ထိုအချိန်တွင် ယောမြေအက်ဖ်စီအသင်းမှ အရံကစားသမား ကျောနံပါတ်(၂၂) လူမင်းက နှစ်ဖက်ခိုက်ရန် ဖြစ်ပွားနေမှုကို ဟန့်တားပေးနေသည့် မောရဝတီအသင်းမှ အောင်ဘုန်းခန့်(ကျောနံပါတ် ၁၈) အား ဝင်ရောက်၍ လက်သီးဖြင့် ထိုးခဲ့ပါသည်။

ထိုဖြစ်စဉ်အပေါ် ကွင်းလယ်ဒိုင်လူကြီးမှ စည်သူကျော်နှင့် ဂရေဟန်တို့အား အဝါကဒ်ပြသခဲ့ပြီး ကိုယ်ထီလက်ရောက်ကျူးလွန်ခဲ့သည့် ကျောနံပါတ် (၂၂) လူမင်းကိုမူ တိုက်ရိုက်အနီကဒ်ပြ ထုတ်ပယ်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ယနေ့နေ့လည်ပိုင်းက အစည်းအဝေးပြုလုပ်၍ တာဝန်ကျဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့်
ိဒိုင်အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်းနှင့် ရုပ်သံမှတ်တမ်းများကို ပြန်လည်ကြည့်ရှုသုံးသပ်ကာ ယောမြေအသင်းမှ ကျောနံပါတ် (၂၂) လူမင်းအား MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၄) အရ အနီးစပ်ဆုံး (၄) ပွဲပယ်နှင့် ဒဏ်ကြေးငွေကျပ် သုံးသိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။