ရခိုင်ယူနိုက်တက်(ဝ-၃) မြဝတီအက်ဖ်စီ
MPT Myanmar National League (U-21) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ရခိုင်ယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ ယနေ့ ညနေပိုင်းက ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြဝတီလူငယ်အသင်းမှ သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ရခိုင်အသင်း နှင့်မြဝတီအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲချိန် ပထမပိုင်း မိနစ်၄၀ တွင် ရခိုင်အသင်းမှ
နောက်တန်းကစားသမား ဝင်းဇော်လတ်က ဘောလုံးဖြတ်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ် သွင်းမိ၍ မြဝတီအသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ ထို့နောက် မြဝတီအသင်းကပင် ပွဲကို ဆက်လက်ဦးဆောင်ကစားခဲ့ပြီး ပွဲချိန် ၄၄ မိနစ်တွင် ဘုန်းကျော်ဇင်က ဒုတိယဂိုးနှင့် ပွဲပြီးရန် မိနစ်ပိုင်းအလိုတွင် အာကာဝင်းက တတိယအနိုင်ဂိုးကို ရယူပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်(၄-၁) ယူနီဗာစတီအက်ဖ်စီ၊
ဇွဲကပင်ယူနိုက်တက်(၂-၁) ယောမြေအက်ဖ်စီ၊ ချင်းလန်း (၁-ဝ) ကချင်ယူနိုက်တက် ရလဒ်များ ထွက်ပေါ်ခဲ့သည်။
MPT Myanmar National League Youth (U-21) 2020
Rakhine United FC 0 – 3 Myawady FC
Win Zaw Latt (40′) OG (Rakhine)
Phone Kyaw Zin (44′)(Myawady)
Arkar Win (90+2) (Myawady)