မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းနှင့် Sponsor ပါတနာများအကြား လက်မှတ်ရေးထိုးပွဲနှင့် အားကစားဝတ်စုံများမိတ်ဆက်ပွဲကျင်းပ

နိုဗိုတယ်ဟိုတယ်မက်စ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီယူနိုက်တက်နှင့် စပွန်ဆာပါတနာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနား။

MPT Myanmar National league 2020 ပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် အသင်းအား ပံ့ပိုးပေးကြသည့် Sponsor မိတ်ဖက်ပါတနာများအကြား စာချုပ်လက်မှတ်ရေးထိုးပွဲနှင့် ယခုနှစ်ရာသီတွင် ဝတ်ဆင်သွားမည့် အားကစားဝတ်စုံများ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုဗိုတယ်ဟိုတယ်မက်စ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီယူနိုက်တက်နှင့် စပွန်ဆာပါတနာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနား။

အဆိုပါ အခမ်းအနားကို နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ၊ ဧရာဝတီယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်နှင့် တာဝန်ရှိသူများ၊ ကစားသမားများ၊ AYA SOMPO Insurance မှ စီအီးအို ဦးမျိုးမင်းသူ၊ POCARI SWEAT Myanmar မှ Country Manager မစ္စတာအီခေးမိုတို၊ Winner Sports မှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးပိုင်ချစ်၊ SUPER GYM မှ Operation Manager ဦးရဲကိုနှင့် စပွန်ဆာကုမ္မဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်းမီဒီယာများ စုံညီစွာ တက်ရောက်ခဲ့သည်။

နိုဗိုတယ်ဟိုတယ်မက်စ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီယူနိုက်တက်နှင့် စပွန်ဆာပါတနာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနား။

ဦးစွာ ဧရာဝတီယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီးနောက် စပွန်ဆာကုမ္မဏီများနှင့် စပွန်ဆာရှစ်စာချုပ်အား လက်မှတ်ရေးထိုးကြသည်။ ဆက်လက်၍ စပွန်ဆာကုမ္မဏီများဖြစ်သည့် AYA SOMPO Insurance၊ POCARI SWEAT၊ PRO SPORT နှင့် SUPER GYM တို့အား ဧရာဝတီယူနိုက်တက်အသင်းမှ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

နိုဗိုတယ်ဟိုတယ်မက်စ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီယူနိုက်တက်နှင့် စပွန်ဆာပါတနာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနား။

ထို့နောက် တက်ရောက်လာသည့် မီဒီယားများမှ သိလိုသည်များ မေးမြန်းခြင်းနှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ယနေ့အခမ်းအနားနှင့် ပတ်သက်၍ မုဒိတာစကားပြောကြားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

နိုဗိုတယ်ဟိုတယ်မက်စ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီယူနိုက်တက်နှင့် စပွန်ဆာပါတနာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနား။


၂၀၂၀ ရာသီတွင် ဧရာဝတီယူနိုက်တက်အသင်းအား Main Sponsor အဖြစ် AYA Sompo Insurance မှလည်းကောင်း၊ Hydration Sponsor အဖြစ် Pocari Sweat မှ လည်းကောင်း၊ ဂျာစီဝတ်စုံ Sponsor အဖြစ် Pro//Sport မှလည်း
ကောင်း၊ Fitness Partner အဖြစ် Super Gym မှလည်းကောင်း တစ်ရာသီ ပံ့ပိုးပေးခြင်းဖြစ်သည်။

နိုဗိုတယ်ဟိုတယ်မက်စ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီယူနိုက်တက်နှင့် စပွန်ဆာပါတနာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနား။