မကွေးအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့သည့် ဟံသာဝတီ

MPT Myanmar National League 2020 ပွဲစဉ်(၅) အစောဆုံး ပွဲစဉ်မှာ ဟံသာဝတီယူနိုက်တက်အသင်းက မကွေးအက်ဖ်စီအသင်းကို သုံးဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ဟံသာဝတီအသင်း၏ ဂိုးသွင်းစက် အီမီကာက ပွဲချိန် ၄၄၊ ၄၅+၂ မိနစ်တွေမှာ နှစ်ဂိုး၊ ၆၆ မိနစ်မှာ ဒေါ်နယ်ဘစ်ဆာက တစ်ဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
ပွဲစဉ် (၆) မှာတော့ ဟံသာဝတီယူနိုက်တက်အသင်းက ရတနာပုံနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မကွေးအက်ဖ်စီအသင်းက ရခိုင်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။