MPT Myanmar National League Youth (U-21)2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-9) ပွဲစဉ် တစ်ပွဲအဖြစ် မတ်လ ၁၃ ရက် (ယနေ့) ညနေ ၄:ဝဝ အချိန်က တောင်ဒဂုံကွင်းတွင် ရခိုင်ယူနိုက်တက် နှင့် ဆောက်တမ်းမြန်မာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် တစ်ဂိုးစီ ဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ဆောက်သမ်းမြန်မာအသင်းအတွက် ဂိုးကို ပွဲချိန် ၃ မိနစ်တွင် မင်းခန့်သိန်းက သွင်းယူပေးခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် သန်းကျော်ဌေးမှ သွင်းယူပေးခဲ့သည်။

MPT Myanmar National League Youth (U-21)2020
……………………………………………
Rakhine United FC 1 – 1 Southern Myanmar FC
99.Than Kyaw Htay 29′
19.Min Khant Thein 3′