ဇွဲကပင်ယူနိုက်တက်(ဝ-၀) မကွေးအက်ဖ်စီ
MPT Myanmar National League 2020
WEEK 4 ၏ အစောဆုံးပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့
ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်က
ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။

သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ယနေ့ပွဲစဉ်မှာ နှစ်သင်းစလုံးက နိုင်ပွဲရရှိရေး ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဂိုးရရှိအောင်တော့ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲလိုက်ရတဲ့ ယာစင်ကြောင့် ဇွဲကပင်အသင်း နစ်နာခဲ့သလို မကွေးအသင်းကလည်း ယနေ့ပွဲမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေ မြင်တွေ့ခဲ့ရပါတယ်။

ပွဲစဉ်(၅) မှာတော့ ဇွဲကပင်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မကွေးအက်ဖ်စီအသင်းက
ဟံသာဝတီယူနိုက်တက်အသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရမှာပါ။
